ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့ဝင် ၄ ဦး နောက်ပြန်ကြိုးတုပ်လျက် သေဆုံးနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့ဝင် ၄ ဦး နောက်ပြန်ကြိုးတုပ်လျက် သေဆုံးနေ

.

တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်၊ ဖလိုင်တောင်ခြေကျေးရွာအနီးတွင် မတ်လ ၁၅ ရက်က အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့မှ အရာရှိ ၂ ဦးနှင့် အခြားအဆင့် ၂ ဦး၊ စုစုပေါင်း ၄ ဦးတို့ နောက်ပြန်ကြိုးတုပ်လျက် သေဆုံးနေ ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

.

.

နယ်မြေခံတပ်ရင်းမှ အရာရှိ ၂ ဦး၊ အခြားအဆင့် ၂ ဦးတို့သည် မတ် ၁၅ ရက် နံနက် ၆ နာရီခန့်က ဖယ်ခုံမြို့ရှိ နယ်မြေခံတပ်ဌာနချုပ်သို့ အုပ်ချုပ်မှုကိစ္စများဆောင်ရွက်ရန်အတွက် Pajero အမျိုးအစား မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ယင်းနေ့ နေ့လယ် ၂ နာရီခွဲခန့်တွင် ဖယ်ခုံမြို့နယ်၊ ဖလိုင် တောင်ခြေကျေးရွာအနီးသို့အရောက်၌ အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ပျောက်ဆုံးသူများအား ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် လက်နက်ကိုင်အဖွဲ့က ရှာဖွေမှုများ ပြုလုပ်နေစဉ် မတ်လ ၁၉ ရက်၊ မွန်းတည့် ၁၂ နာရီခန့်တွင် ၃၅ ပေခန့်နက်သော ချောက်အတွင်း၌ ကားတစ်စီး မီးလောင်နေကြောင်း တွေ့ရှိရသဖြင့်စိစစ်ခဲ့ရာ ပျောက်ဆုံးနေသူများ စီးနင်းလာသည့် မော်တော်ယာဉ် ဖြစ်ကြောင်း တွေ့ရှိရပြီး ၎င်းနေရာ တစ်ဝိုက်အား ဆက်လက်ရှာဖွေခဲ့ရာ ကျင်းတစ်ကျင်းအတွင်း၌ လက်ပြန်ကြိုးတုပ်ထားလျက်သေဆုံးနေသည့် အလောင်းများအား တွေ့ရှိရသဖြင့် စစ်ဆေးရုံသို့ ပို့ဆောင်၍ ရင်ခွဲစစ်ဆေးခဲ့ရာ ပျောက်ဆုံးနေသူများဖြစ်သည်ဟု အတည်ပြုနိုင်ခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

.

ယင်း စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ သေဆုံးမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေလျက် ရှိသည် ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

.

ထို့အတူ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ကမူ အဆိုပါ လက်နက်ကိုင် ၄ ဦး သေဆုံးခြင်းမှာ  မိုးဗြဲရေလှောင်ကန်တွင် မူးရူးရမ်းကားပြီး ရေဆင်းကူးရင်း ရေနစ်သေဆုံးခြင်းဖြစ်ကြောင်းနှင့် ယင်းကိစ္စကို အကြောင်းပြ၍ ရွာအတွင်း တပ်စွဲခြင်းအပေါ် လုံးဝလက်မခံဘဲ ရှုတ်ချကြောင်း ယနေ့ မတ်လ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

.

Journal Download

Photo of three cats