မဘိမ်းတွင် မွေးဆင်မှ ဆင်ဦးစီးအကူကို သတ်ဖြတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

မဘိမ်းတွင် မွေးဆင်မှ ဆင်ဦးစီးအကူကို သတ်ဖြတ်

ဘိမ်းမြို့နယ်၊ ပင်ကြိမ်ကျေးရွာတွင် မတ်လ ၁၁ ရက်၊ ညနေပိုင်းက မွေးဆင်တစ်ကောင်မှ ဆင်ဦးစီး အကူတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး အဆိုပါဆင် တစ်ကောင်တည်းမှ လူ ၅ ဦးမြောက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.



“ဒါက ၅ ဦးမြောက် သတ်တာပါ။ ရွာဟောင်းမှာ ချည်ထားတာ။ ဆင်ဦးစီးအသစ်က သူ့ကို ဘာသွား လုပ်သလဲမသိဘူး။ နှာမောင်းနဲ့ရိုက်ပြီး နင်းသတ်လိုက်တာပါ။ အခုတော့ ဒီအတိုင်းချည်ထားတယ်။ မနှစ်ကလည်း ဆင်ဦးစီးနဲ့ ရွာသား ၃ ဦးကို သတ်ခဲ့ဖူးတယ်။ ရွာက အဲဒီဆင် လွတ်ထွက်လာမှာ ကြောက်နေကြတယ်” ဟု ပင်ကြိမ်ရွာသူကြီး ဦးညွန့်ဝင်းက ပြောသည်။

.

ယမန်နှစ် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် အဆိုပါ ဆင်သည် ဆင်ဦးစီးကို သတ်ပြီးနောက် လွတ်ထွက်နေစဉ် စီပိန်းနှင့် ပင်ကြိမ်ရွာများမှ လူနေတဲများကို ဖျက်ဆီးကာ လူ  ၃ ဦးကို သတ်ဖြတ်ခဲ့ဖူးပြီး အဆိုပါ ဆင်အား တရားရုံးက မည်ကဲ့သို့ ဆောင်ရွက်မည်ကို အမိန့်မချသေးမီ ကာလအတွင်း ယခုအခါ ခန့်ထားသည့် ဆင်အကူဦးစီးကို ထပ်မံ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

.

ဆင်မှာ အထီးဖြစ်ပြီး ဟန်ကုတ် ခေါ် အစွယ်တိုသာပေါက်သည့် ဆင်မျိုးဖြစ်ကာ အမြင့် ၉ ပေခန့်ရှိကြောင်း သိရသည်။

.

အဆိုပါဆင်အား သစ်တောဌာန၊ ရဲတပ်ဖွဲ့မှ တရားရုံးသို့ အမှုစွဲတင်ထားသော်လည်း အမိန့်မချသေးဘဲ လက်ရှိတွင် ရွာဟောင်း၌ ချည်နှောင်ထားသည်ဖြစ်ရာ လွတ်ထွက်လာပြီး ရန်ပြုမည်ကို ပင်ကြိမ်ကျေးရွာအပါအဝင် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

.

ပင်ကြိမ်ကျေးရွာအနီးတွင် သစ်ထုတ်လုပ်ခြင်းလုပ်ငန်းများ မရှိသော်လည်း ဆင် ထိန်းကျောင်း နေခြင်းများသာ ရှိကာ ယခုဖြစ်စဉ်ကြောင့် ဒေသခံကျေးရွာသားများအနေဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေရကြောင်း သိရသည်။

Journal Download

Photo of three cats