ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ် ၅၀၅-ဃ ဖြင့် တရားစွဲခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ် ၅၀၅-ဃ ဖြင့် တရားစွဲခံရ

သူ့ဂုဏ်ရည်ဆုရ ပင်းတယနှလုံးလှမီးအိမ်ရှင် ပုသိမ်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်သည် ယမန်နေ့ မတ်လ ၁၂ ရက်က ပုသိမ် မြို့တွင် ပုဒ်မ ၅၀၅-ဃ ဖြင့် အမှုဖွင့်ဖမ်း ဆီးခံထားရသည်ဟု သိရသည်။

.



ဒေါက်တာသန်းမင်းထွဋ်အား ယမန်နေ့ မတ်လ ၁၂ ရက်၊ နေ့လယ်ပိုင်းက အစည်းအဝေးရှိသည်ဟုဆိုကာ အာဏာပိုင် များက ကားပေါ်သို့ အင်အားသုံး ခေါ်ဆောင်သွားခဲ့ပြီးနောက် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိဘဲ  ညပိုင်းတွင် ပုဒ်မ ၅၀၅-ဃ ဖြင့် ဖမ်းဆီးအမှုဖွင့်ထားသည်ဟု မိသားစုဝင်များက Facebook စာမျက်နှာများမှ တစ်ဆင့် ဖြန့်ဝေ ထားခြင်းဖြစ်သည်။

.

ပြည်သူ့ဂုဏ်ရည်ဆုရ ဆရာဝန်ကြီး ဒေါက်တာသန်းမင်းထွဋ်သည် ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၇ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပင်းတယမြို့နယ်၌ ဒေသနေပြည်သူအားလုံး ပါဝင်နိုင်သော ကျန်းမာရေးကွန်ရက်တစ်ခု တည်ထောင်ကာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ကိစ္စရပ်များကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သူတစ်ဦးဖြစ်သဖြင့် ဒေသခံများ၏ ချစ်ခင်လေးစားမှုကို ရရှိခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats