နမ့်ဆန်ပစ်ခတ်မှုများအတွင်း ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းမြတ်လေး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်ဆန်ပစ်ခတ်မှုများအတွင်း ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းမြတ်လေး သေဆုံး

.

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ လွယ်ခမ်းကျေးရွာနှင့် ငွန်ဆိုင်းကျေးရွာအကြား ယနေ့ မတ်လ ၁၄ ရက်က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု အတွင်း ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းမြတ်လေး သေဆုံးခဲ့ကြောင်း သိရသည်။

.

.

"သူက အခြားရွာကနေ လက်ဖက်ရည်သွားသောက်မလို့လား။ သောက်ပြီး ပြန်လာတဲ့အချိန်လား မသိဘူး။ အဲမှာ ပစ်ခံရတာ။ သေနတ်သံတွေတော့ ကြားရတယ်။ ရွာနှစ်ရွာကြားက တောင်ကာထားတော့ အသံတော့ သိပ်မကြား လိုက်ရဘူး။ သူ​သေသွားတာကတော့ သေချာပြီ။ ဘယ်လိုပုံစံနဲ့ သတ်သွားတယ်ဆိုတာတော့ မသိရသေးဘူး" ဟု ဒေသခံများက ပြောသည်။

.

အဆိုပါ ကျေးရွာများအနီးတွင် တအာင်းတပ်မတော် (TNLA) နှင့် အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင် တပ်တို့ကြား နာရီဝက်နီးပါးခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

.

ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းမြတ်လေး၏ အလောင်းကို နမ့်ဆန်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

.

Journal Download

Photo of three cats