ကျောက်မဲတွင် ဆန္ဒထုတ်ဖော်သူများအား မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်လူစုခွဲ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲတွင် ဆန္ဒထုတ်ဖော်သူများအား မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်လူစုခွဲ

ကျောက်မဲမြို့၊ ဗဟိုဈေးကြီးအနီး၊ ပင်လုံလမ်းနှင့်သီရိမင်္ဂလာ လမ်းဆုံတွင် ယနေ့ မတ်လ ၁၃ ရက်၊ နံနက် ၁၁ နာရီ ခွဲ အချိန်ခန့်က ဆန္ဒထုတ်ဖော်သူများအား ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံး ၄ လုံးပစ်ဖောက်၍ လူစုခွဲခဲ့ကြောင်း သိရသည်။

.



ဆန္ဒထုတ်ဖော်မည့် ဒေသခံ အင်အား ၅၀ ခန့်သည် အမှတ် (၁) ရပ်ကွက် ၊ ရုံးကုန်းမှ မြို့တွင်းသို့အဆင်း ဗဟိုဈေး အရောက်တွင် လုံခြုံရေးတပ်ဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီး ဖြိုခွင်းခံရခြင်းဖြစ်ကြောင်း  သိရသည်။

.

ကျောက်မဲမြို့ရှိ ဆန္ဒထုတ်ဖော်သူများကို မတ်လ ၁၀ ရက်နေ့မှ စတင်၍ လူအစုမခံဘဲ အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက လိုက်လံဖြိုခွင်းခဲ့ပြီးနောက် ကျောက်မဲမြို့တွင်း၌ လူအင်အား အမြောက်အများဖြင့် ဆန္ဒထုတ်ဖော်ခြင်းများ မရှိတော့ဘဲ လူငယ်အချို့သာ  ပျောက်ကြားစနစ်ဖြင့် မြို့ပြင်နှင့်ရပ်ကွက်အတွင်း များ၌ ဆန္ဒ ထုတ်ဖော်နေခြင်းဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats