တောင်ကြီး အရုဏ်ဦးသပိတ်တွင် လူငယ် တစ်ဦး ဖမ်းဆီးခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး အရုဏ်ဦးသပိတ်တွင် လူငယ် တစ်ဦး ဖမ်းဆီးခံရ

.

တောင်ကြီးမြို့တွင် ယနေ့ မတ်လ ၁၉ ရက်၊ နံနက်ပိုင်းက ပြုလုပ်သည့် စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း အရုဏ်ဦး သပိတ် ဆန္ဒထုတ်ဖော်ပွဲ၌ လူငယ် တစ်ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။

.

.

စစ်အာဏာရှင် အလိုမရှိကြောင်း  အရုဏ်ဦးသပိတ်ကို တောင်ကြီးမြို့တွင် ယနေ့ မတ်လ ၁၉ ရက်၊ နံနက် နာရီခန့်က ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး သစ်တောရပ်ကွက်၊ ကံဦးကျောင်းလမ်းဆုံအနီးတွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များက သပိတ် စစ်ကြောင်းအား အကြမ်းဖက်ဖြိုခွင်းကာ လူငယ် တစ်ဦးအား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဖမ်းဆီးခံရသူသည် တောင်ကြီးမြို့၊ အမှတ် () အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြား နေသည့် ဒသမတန်းကျောင်းသားတစ်ဦးဖြစ်ပြီး အသက် ၁၈ နှစ် မပြည့်သေးသူဖြစ်ကြောင်း သိရသည်။

.

၎င်းဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ အသက်မပြည့်သေးသော ကျောင်းသားတစ်ဦးဖြစ်နေသည့်အတွက် အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်ကြီးမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂက တောင်းဆိုထားသည်။

.

Journal Download

Photo of three cats