တောင်ကြီးတွင် ဖမ်းဆီးခံရသည့် ပိုလန်နိုင်ငံသား သတင်းထောက်ကို ဒဏ်ငွေ ၂ သိန်း ဆောင်ရန် အမိန့်ချ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် ဖမ်းဆီးခံရသည့် ပိုလန်နိုင်ငံသား သတင်းထောက်ကို ဒဏ်ငွေ ၂ သိန်း ဆောင်ရန် အမိန့်ချ

.

တောင်ကြီးမြို့၌ ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် ပိုလန်နိုင်ငံသား သတင်းထောက်အား ယနေ့ မတ်လ ၂၂ ရက်တွင် ဒဏ်ငွေ ၂ သိန်း ကျပ်ပေးဆောင်ရန် တရားရုံးက အမိန့် ချမှတ်ပြီးနောက် ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။

.

.

လဝကအက်ဥပဒေပုဒ်မ ၁၃ (၁) နဲ့ အမှုဖွင့်တာပါ။ ပြစ်ဒဏ်ကတော့ ဒဏ်ငွေ ၂ သိန်းချလိုက်ပါတယ်။ ဒီနေ့ပဲ ပြီးသွားပါတယ်။ သူ့ရဲ့ ဗီဇာကလည်း သက်တမ်းလွန်နေတော့ သူဝန်ခံလိုက်တယ်။ ဒဏ်ငွေဆောင်ပြီးတာနဲ့ ရဲစခန်းကို ပြန်ခေါ်သွားပြီး မှတ်တမ်းယူပြီး လွှတ်ပြီပေါ့။ ဒါပေမဲ့ သူ့ကို လဝက က လောလောဆယ် စောင့်ရှောက်ထားမှာပေါ့။ တောင်ကြီး လဝက ကနေတစ်ဆင့် ချိတ်ဆက်ပြီး သူ့ကို ပြန်ပို့ပေးမယ်ထင်ပါတယ်” ဟု တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်မိုးမိုးအေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ယင်း ပိုလန်နိုင်ငံသားအမှုကို ယနေ့ မတ်လ ၂၂ ရက်တွင် တောင်ကြီးမြို့နယ်တရားရုံးက လဝက အက်ဥပဒေပုဒ်မ ၁၃ (၁) ဖြင့် ဒဏ်ငွေကျပ် ၂ သိန်း ချမှတ်ကာ လွှတ်ပေးခဲ့ပြီး ဂျာမနီသံရုံးနှင့် ချိတ်ဆက်၍ နေရပ်ပြန်လည်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်အတွင်း မတ်လ ၁၁ ရက်၊ နေ့လယ်ပိုင်းက စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြ နေသည့် အခြေအနေအား သတင်းဓာတ်ပုံ ရိုက်ကူးနေသော  ပိုလန်နိုင်ငံသား ဓာတ်ပုံသတင်းထောက်ကို စစ်ဝတ်စုံဝတ် လက်နက်ကိုင်များက ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဗီဇာသက်တမ်းကျော်လွန်‌နေထိုင်မှုဖြင့် လဝက အက်ဥပဒေပုဒ်မ ၁၃ (၁) အရ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ သတင်းထောက်သည် ပြည်ပသတင်းဌာန တစ်ခုသို့ အလွတ်တန်း သတင်းရေးသား ပေးပို့သူ ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats