တောင်ကြီးတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ပိုလန်နိုင်ငံသားနှင့်ပတ်သက်၍ ဖြေရှင်းပေးရန် ဂျာမန်သံရုံး ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, March 13, 2021

တောင်ကြီးတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ပိုလန်နိုင်ငံသားနှင့်ပတ်သက်၍ ဖြေရှင်းပေးရန် ဂျာမန်သံရုံး ထုတ်ပြန်

မြို့တော် တောင်ကြီးတွင် ပြီးခဲ့သည့် မတ်လ ၁၁ ရက်က ဖမ်းဆီးထိန်းသိမ်းခံထားရသော ပိုလန်နိုင်ငံဿားနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် ရန်ကုန်မြို့အခြေစိုက် ဂျာမနီသံရုံးက ယနေ့ မတ်လ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ သည်ဟု သိရသည်။

.



အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံထားရသော ပိုလန်နိုင်ငံသားကိစ္စနှင့် ပတ်သက်၍ ပိုလန်သံရုံးကိုယ်စား ဂျာမနီသံရုံးသည် မြန်မာအာဏာပိုင်များထံသို့ ဆက်သွယ်ပြီး ထိန်းသိမ်းခံထားရသော ပိုလန်နိုင်ငံသား တည်ရှိရာနေရာအား အသိပေးရန်၊ ကောင်စစ်ဆိုင်ရာကိစ္စများ ဆောင်ရွက်ခွင့်ပေးရန်၊ ဖမ်းဆီးထားရသည့်အကြောင်းအရင်းနှင့် စွဲဆိုချက်များအား စာထုတ်ပြန်ရန် အကြောင်းကြားထားပြီး ဖြစ်ကြောင်းနှင့် ၎င်းသည် အခြားဖမ်းဆီးခံရသူများနည်းတူ ဥပဒေရေးရာ ကိုယ်စားပြုမှု လိုအပ်သကဲ့သို့ နိုင်ငံခြားသားဖြစ်သောကြောင့် ကောင်စစ်ဆိုင်ရာအကာအကွယ်ရရှိရန် လိုအပ်ကြောင်း၊ ထို့ကြောင့် သံရုံးအနေဖြင့် မြန်မာအာဏာပိုင်များဘက်မှ ဗီယင်နာကွန်ဗင်းရှင်းပါ ကောင်စစ်ဆက်ဆံရေးအား လိုက်နာပြီး အကြောင်းပြန်စာကို လျင်မြန်စွာ ပြန်ကြားပေးပို့ရန်နှင့် ဖမ်းဆီးခံ ပိုလန်နိုင်ငံသားအား တရားမျှတပြီး လူသားဆန်စွာဆက်ဆံရန် လိုလားပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်အတွင်း မတ်လ ၁၁ ရက်၊ နေ့လယ်ပိုင်းက စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြ နေသည့် အခြေအနေကို သတင်းဓာတ်ပုံ ရိုက်ကူးနေသော  နိုင်ငံခြားသား ဓာတ်ပုံသတင်းထောက်ကို စစ်ဝတ်စုံဝတ် လက်နက်ကိုင်များက ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ သတင်းထောက်သည် ပိုလန်နိုင်ငံသားဖြစ်ပြီး ပြည်ပသတင်းဌာန တစ်ခုသို့ အလွတ်တန်း သတင်းရေးသား ပေးပို့သူ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats