ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ တရားဝင်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုဆဲဖြစ်ကြောင်း တရုတ်သတင်းစာ ခေါင်းကြီးပိုင်းတွင် ဖော်ပြလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ တရားဝင်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုဆဲဖြစ်ကြောင်း တရုတ်သတင်းစာ ခေါင်းကြီးပိုင်းတွင် ဖော်ပြလာ

ကမ္ဘောဇတိုင်း

.

တရုတ်နိုင်ငံ၏ သတင်းစာတစ်စောင်ဖြစ်သည့် South China Morning Post ၏ ယနေ့ မတ်လ ၂ ရက်၊ နံနက်ထုတ် သတင်းစာ ခေါင်းကြီးပိုင်းတွင် ဦးကျော်မိုးထွန်းကို ကမ္ဘာ့ကုလသမဂ္ဂက မြန်မာနိုင်ငံ၏ တရားဝင် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုထားဆဲ ဖြစ်ကြောင်း ဖော်ပြပါရှိလာသည်ကို တွေ့ရှိရသည်။

.

.

အမေရိကန်နိုင်ငံအနေဖြင့် ဦးကျော်မိုးထွန်းကို တရားဝင် ကိုယ်စားလှယ်အဖြစ် လက်ခံထားသည့်အတွက် ၎င်း၏ နေရာကို မည်သူမျှ အစားထိုးနိုင်ခြင်း မရှိကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

.

အဆိုပါသတင်းကို ဦးကျော်မိုးထွန်း၏ ကုလသမဂ္ဂအစည်းအဝေးတွင် လက် ၃ ချောင်းထောင်နေသည့် ဓာတ်ပုံနှင့်အတူ ယင်းသတင်းစာ၏ ရှေ့မျက်နှာဖုံး(ခေါင်းကြီးပိုင်း)တွင် ဖော်ပြထားခြင်းဖြစ်ည်။

.

၎င်း၏နေရာအား အစားထိုးမည်ဆိုပါက အရေးပေါ်အစည်းအဝေးပြုလုပ်ပြီး ကုလသမဂ္ဂ အင်အားကြီး နိုင်ငံများက လက်ခံစဉ်းစားမှသာ ပြောင်းလဲနိုင်မည်ဖြစ်သည်ဟု သတင်းတွင် ရေးသားထားသည်။

.

ထို့အတူ ရန်ကုန်၊ မန္တလေး၊ ထားဝယ်စသည့် မြို့ကြီးများတွင် မြန်မာရဲနှင့် စစ်တပ်များက သေနတ်ပစ်ဖောက် အင်အားသုံးဖြိုးခွင်းနေသည့် ၄ မိနစ်ကြာ ဗီဒီယိုကိုလည်း သတင်းတွင် ကဖော်ပြထားပြီး ရန်ကုန်တွင် ဆန္ဒပြနေသူ အချို့၏ ပြောပြချက်များ၊ ဆန္ဒပြနေသူများ ထွက်ပြေးနေမှုအား လုံခြုံရေးတပ်များက လိုက်လံပစ်ခတ်နေပုံများကို ဖော်ပြထားသည်။

.

၎င်းအပြင် ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက တိုင်းပြည်အပေါ် သစ္စာဖောက်သည် ဟုဆိုကာ အလုပ်မှ ထုတ်ပစ်ကြောင်း MRTV တွင် ဖော်ပြသည့် အကြောင်းကိုလည်း အပြည့်အစုံရေးသားထားသည်။

.

မြန်မာနိုင်ငံက ဦးကျော်မိုးထွန်းအား အလုပ်ထုတ်ခဲ့သော်လည်း အမေရိကန်နိုင်ငံနှင့် ကုလသမဂ္ဂက တရားဝင် လက်ခံ အသိအမှတ်ပြုသည့်အတွက် မည်သူ့ကိုမျှ အစားထိုးခြင်းကို လက်မခံကြောင်းနှင့် အမေရိကန်နိုင်ငံသည်  ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌတာဝန်ကို မတ်လ ၁ ရက်တွင် စတင် တာဝန်ယူ ဆောင်ရွက်နေကြောင်း သတင်းတွင် ရေးသားထားသည်။

.

UN တွင် နိုင်ငံတနိုင်ငံ၏ ကိုယ်စားလှယ်က မိခင်နိုင်ငံ၏အမိန့်ကို မနာခံခြင်းမှာ လွန်စွာ ရှားပါးသည့် လုပ်ရပ်ဖြစ်ပြီး ယင်းလုပ်ရပ်ကြောင့်  နိုင်ငံများစွာက ဦးကျော်မိုးထွန်း၏ သတ္တိရှိပြီး ပြတ်သားသည့် ဆုံးဖြတ်ချက်ကို လေးလေး နက်နက် အသိအမှတ်ပြုကာ ရှေ့လုပ်ငန်းစဉ် များအတွက် ပိုမိုအားရှိစေမည်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ တရားဝင် သတင်းထောက် Thomas-Greenfield က ပြောသည်ဟု သိရသည်။

.

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Dujarric က ဦးကျော်မိုးထွန်းနေရာတွင် မည်သူကိုမျှ အစားထိုးခြင်းကို လက်ခံမည်မဟုတ်ကြောင်း ပြောဆိုထားသည်ဟု သိရသည်။

.

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က စစ်တပ်၏အင်အားသုံးဖြိုခွင်းသည့် လုပ်ရပ်ကို နိုင်ငံတကာက လက်မခံနိုင်သည့် အပြုအမူဖြစ်သည့်အတွက်ကုလသမဂ္ဂက  မြန်မာနိုင်ငံအပေါ်ထပ်မံ၍ ပိုမိုတင်းကြပ်သည့် ဆုံးဖြတ်ချက်များ ချမှတ်မည်ဟု ယင်းသတင်းတွင် ရေးသားထားသည်။

.

Journal Download

Photo of three cats