.
လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ ရဲရိပ်သာတွင် ယနေ့ မတ်လ ၂၂ ရက်၊
နေ့လယ် ၁ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
.
“လက်ပစ်ဗုံးလား၊ မိုင်းလား မသိရသေးဘူး။ ထိခိုက်မှုရှိတယ်လို့တော့
မကြားဘူး။ သွားကြည့်ဖို့က လမ်းတွေ ပိတ်ထားတော့ သွားလို့မရဘူး” ဟု လားရှိုးဒေသခံတစ်ဦးက
ပြောသည်။
.
လက်ရှိအချိန်ထိ အဆိုပါ ရဲရိပ်သာအနီးရှိ လမ်းများကို ဝင်ထွက်ခွင့်
မပြုသေးကြောင်း သိရသည်။
.
Photo - Shwe Phee Myay
.