.
တာချီလိတ်အခြေစိုက် Tachileik News Agency သတင်းဌာန တည်ထောင်သူ ကိုဇောင်း နှင့် မှုခင်းရှု့ထောင့်မှ ကိုရွှေဝင်း တို့ကို စစ်ကောင်စီက တရားခံပြေး၊ ဖမ်းဝရမ်း ထုတ်ထားပြီး၊ ထိုင်းနိုင်ငံဘက်တွင် သွားရောက် ခိုလှုံနေပါက ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးရန် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နယ် အဆင့် နယ်ခြားကော်မတီ ဥက္ကဌထံ စာပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ယနေ့ မတ်လ ၂၆ ရက်က ပြုလုပ်သည့် ထိုင်း-မြန်မာ နယ်ခြားကော်မတီ (TBC) အစည်းအဝေးတွင်လည်း ယင်းသတင်းသမား ၂ ဦးကို ဖမ်းဆီးပြီး မြန်မာပြည်ဘက်သို့ ပြန်လည် လွှဲပေးပါက ဆုကြေးငွေ ထုတ်ပေးမည် ဖြစ်ပြီး၊ သတင်းသမားများ၏ ဓာတ်ပုံ၊ ကိုယ်ရေးအချက်အလက်ကို ထိုင်းနိုင်ငံသို့ ပေးပို့၍ တောင်းဆိုခဲ့ကြောင်း သိရသည်။
.
Tachileik News Agency မှ ကိုဇောင်းအား ပုဒ်မ ၅၀၅(ခ) ဖြင့်လည်းကောင်း၊ MeKong News သတင်းဌာနမှ အယ်ဒီတာ ကိုဉာဏ်လင်းထက်နှင့် မှုခင်းရှုထောင့်မှ ကိုရွှေဝင်းတို့အား ပုဒ်မ ၅၀၅ (က)ဖြင့်လည်းကောင်း အမှု ဖွင့်ထားပြီး ဖမ်းဆီး ရမိရေး လိုက်လံ ရှာဖွေမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။
.
လက်ရှိတွင် ရှမ်းပြည်နယ် အခြေစိုက် သတင်းဌာနများအနက် ကမ္ဘောဇတိုင်း သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ဦးတင်အောင်ကျော်နှင့် နေအိမ်အစောင့် အဖြစ် နေထိုင်ပေးနေသူ စိုင်းစည်သူ (ထိန်းသိမ်းထားသည့် အကြောင်းအရင်းကို မသိရသေး) တို့ကို မတ်လ ၂၄ ရက်၊ ညပိုင်းက ဖမ်းဆီး၍ တောင်လေးလုံးထောင်တွင် ထိန်းသိမ်းထားပြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ထားသည်။