ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး
ဦးစိုးညွန့်လွင်သည် ယမန်နေ့ မတ်လ ၅ ရက်၊ ညပိုင်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု သိရသည်။
.
.
ရှမ်းပြည်နယ် စီမံဘဏ္ဍာ ဝန်ကြီး ဦးစိုးညွန့်လွင်၊
လွိုင်လင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲလှိုင်တို့ကို
ရန်ကုန်မြို့ပြည်သာယာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ ၈ ထပ်တိုက်တစ်ခုတွင် ယမန်နေ့
မတ်လ ၅ ရက်၊ ညပိုင်းက ဝင်ရောက်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း BBC သတင်းတွင်
ဖော်ပြထားသည်။
.
တပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာ လင်းထွဋ်၊ ရှမ်းပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး
ဦးစိုးညွန့်လွင်အပါအဝင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊
နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များကို
ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးခဲ့သော်လည်း ဦးစိုးညွန့်လွင်နှင့် ဦးရဲလှိုင်တို့က
ထပ်မံဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။