.
အောင်ပန်းမြို့တွင် ယနေ့ မတ်လ ၁၉ ရက်၊ နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီ
လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်ပစ်ခတ်မှုများကြောင့် ကလောဆေးရုံတွင် တစ်ဦး ကျဆုံးပြီး
စုစုပေါင်း ၆ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
.
.
“လောလောဆယ် ကလောဆေးရုံမှာ တစ်ယောက်တော့ သေပါတယ်။ ဒါပေမဲ့ အားလုံး
၆ ယောက် သေတယ်လို့ ကြားတယ်။ ကျွန်တော်တို့က အဲဒီနားကို သွားလို့မရသေးဘူး။ မြို့ဟောင်းရပ်ကွက်က
တစ်ဦး ရင်ဘတ်မှာ မှန်တယ် လို့ သိရပါတယ်” ဟု အောင်ပန်းမြို့နေ ဒေသခံတစ်ဦးက ပြောသည်။
.
အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များက ဆန္ဒပြနေသူများအား ပစ်ခတ်ဖြိုခွင်းခြင်းမျိုး
မဟုတ်ဘဲ ယနေ့ နံနက်ပိုင်းမှ စတင်၍ အောင်ပန်း မြို့တွင်းရှိ ပိတ်ဆို့ထားသော အတားအဆီးများကို
ဖယ်ရှားကာ အကြမ်းဖက် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါပစ်ခတ်မှုကြောင့် ကျဆုံးသူ၊ ထိခိုက်ဒဏ်ရာရရှိသူနှင့် ဖမ်းဆီးထိန်းသိမ်းခံရသူ
အရေအတွက် အတိအကျ မသိရှိရသေးချေ။
.