.
တာချီလိတ်မြို့တွင်
ထိုင်းနိုင်ငံဘက်မှ ဆက်သွယ်အသုံးပြုနေသည့် ဖိုင်ဘာအင်တာနက် ကြိုးများကို မတ်လ ၁၇ ရက်က
ကတ်ကြေးများဖြင့် လိုက်လံဖြတ်တောက်ခဲ့ကြောင်း သိရသည်။
.
.မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်
(၁) ပေါ်တွင် သွယ်တန်းထားသည့် ဖိုင်ဘာအင်တာနက်ကြိုးများကို ယမန်နေ့ မတ်လ ၁၇ ရက်၊ ညနေပိုင်းတွင်
ညွှန်ကြားချက်အရ ဟုဆိုကာ ကတ်ကြေးများဖြင့် လိုက်လံဖြတ်တောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အာဏာသိမ်းစစ်ကောင်စီသည်
ပြည်တွင်းတွင် မိုဘိုင်းလ်အင်တာနက် ဒေတာနှင့် ဝိုင်ဖိုင်ဝန်ဆောင်မှုများကို ပိတ်ထားရန်
ညွှန်ကြားထားခဲ့ပြီးနောက် ယခုကဲ့သို့ နယ်စပ်ဖြတ်ကျော် ရယူထားသည့် ဖိုင်ဘာအင်တာနက် လိုင်းများကို
ထပ်မံဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။
.