ဟဲဟိုးမြို့၌ ယနေ့ မတ်လ ၁၁ ရက်၊ ည ၈ နာရီ သံပုံးတီးချိန်တွင် လက်နက်ကိုင် စစ်သား ၁၀ ယောက်ခန့်က ရပ်ကွက်အတွင်း ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံ အမျိုးသားတစ်ဦးအား ကျည်ဆန် ထိမှန်၍ ဒဏ်ရာ ရရှိခဲ့ကာ လက်ရှိတွင် ဒဏ်ရာမှ သွေး အထွက်လွန်နေကြောင်း သိရသည်။