အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား အဂတိလိုက်စားမှု စွဲချက်များဖြင့် ထပ်တိုးစွဲဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား အဂတိလိုက်စားမှု စွဲချက်များဖြင့် ထပ်တိုးစွဲဆို

.

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုဆိုင်ရာ စွဲချက်သစ်များဖြင့် ယမန်နေ့ မတ်လ ၁၇ ရက်က ထပ်တိုးစွဲဆိုခဲ့သည်ဟု သိရသည်။

.


.

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်က စစ်အုပ်စုမှ အာဏာသိမ်းယူပြီးနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတော်အကြီးအကဲများ၊ NLD ပါတီ တာဝန်ရှိသူများ၊ တက်ကြွလှုပ်ရှားသူများ၊ ဆန္ဒပြပြည်သူများကို စွဲချက်အမျိုးမျိုးဖြင့် တရားစွဲဆို ဖမ်းဆီးထားခြင်းဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စကားပြောစက် တရားမဝင်တင်သွင်းအသုံးပြုမှု၊ COVID-19 ဆိုင်ရာ ကန့်သတ်ချက်ကို ချိုးဖောက်မှုများဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

.

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်ဒေါ်လာ ၅ သိန်းခွဲ ပေးခဲ့ရကြောင်း ဝန်ခံပြောဆိုပုံကို ယမန်နေ့ မတ်လ ၁၇ ရက်ညပိုင်းက စစ်တပ်ပိုင် မြဝတီရုပ်သံမှတစ်ဆင့် ထုတ်လွှင့်ပြသခဲ့သည်။

.

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ၎င်း၏ လုပ်ငန်းများ အဆင်ပြေစေရေးအတွက် အစိုးရအဆင့်မြင့် ပုဂ္ဂိုလ် များကို ငွေကြေးလှူဒါန်းခဲ့ရကြောင်း ပြောဆိုထားသည်။

.

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်ဒေါ်လာ ၆ သိန်းနှင့် ရွှေစင် ၇ ပိဿာ ပေးခဲ့ရကြောင်း ဝန်ခံထွက်ဆိုထားသည်ဟု စစ်ကောင်စီ ပြောခွင့်ရသူတစ်ဦးက ပြောဆိုထားသည်။

.

အဆိုပါ စွပ်စွဲချက်များသည် အခြေအမြစ်မရှိသကဲ့သို့ ယုတ္တိ မရှိကြောင်းနှင့် စစ်ကောင်စီ၏ စွပ်စွဲချက်များကို မြန်မာ ပြည်သူအများစုကလည်း ယုံကြည်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးခင်မောင်ဇော်က AFP သို့ ပြောဆိုထားသည်။

.

Journal Download

Photo of three cats