.
တောင်ကြီးမြို့တွင် ယမန်နေ့ မတ်လ ၂၁ ရက်က ဖမ်းဆီးထိန်းသိမ်းခံထားရသည့်
အခြေခံပညာကျောင်းသားတစ်ဦး အား ပြန်လွှတ်ပေးရန်အတွက် တောင်ကြီးမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂက
ကြေညာချက် ထုတ်ပြန် တောင်းဆိုထားသည်ဟု သိရသည်။
.
အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံထားရသူသည် တောင်ကြီးပညာရေးကောလိပ်၊
လေ့ကျင့်ရေးအလယ်တန်းကျောင်း၊ Grade-9 ၌ ပညာသင်ကြားနေသော ကျောင်းသားတစ်ဦးဖြစ်ပြီး
အသက် ၁၈ နှစ် မပြည့်သေးသူတစ်ဦး ဖြစ်ကြောင်း သိရသည်။
.
၎င်းဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ အသက်မပြည့်သေးသော
ကျောင်းသားတစ်ဦးဖြစ်နေသည့်အတွက် ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း
ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
.
တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၌ ငြိမ်းချမ်းစွာ
ဆန္ဒထုတ်ဖော်ရန် စုဝေးနေသည့် ပြည်သူများကို အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင်
အဖွဲ့များက ယနေ့ မတ်လ ၂၁ ရက်၊ နေ့လယ်ပိုင်းတွင် အကြမ်းဖက်ဖြိုခွဲမှုများ ပြုလုပ်ခဲ့ပြီး
ပြည်သူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
.
Edit - အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကျောင်းသားသည် ယနေ့ မတ်လ
၂၂ ရက်၊ နေ့လယ်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။
.