ကမ္ဘောဇတိုင်း
.
ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ ဟဲဟိုးလေဆိပ်ဝင်းအတွင်း ယနေ့
မတ်လ ၄ ရက်၊ ညနေပိုင်းက မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
.
မီးမှာ ညနေ ၂ နာရီ ၂၀ မိနစ်ခန့်က ဟဲဟိုးလေဆိပ်၏ အနောက်ဘက်
ခြံစည်းရိုးအပြင်ရှိ ကျေးရွာသုသာန်မှ စတင် လောင်ကျွမ်းခြင်းဖြစ်ပြီး ညနေ ၅ နာရီခန့်တွင်
မီးအား ငြှိမ်းသတ်နိုင်ခဲ့ကာ မီးလောင်မှုကြောင့် မီးသတ် တပ်ဖွဲ့မှ စီးနင်းမောင်းနှင်လာသည့်
အိမ်စီးမော်တော်ယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
.
“ညနေ ၂ နာရီ ၂၀ မိနစ်မှာ စလောင်ပါတယ်။ လေဆိပ်အနေနဲ့ အဆောက်အဦး၊ ပစ္စည်းတွေ ဆုံးရှုံးနစ်နာမှု ဘာမှ မရှိဘူးလို့ သိရပါတယ်။ မီးသတ်တပ်ဖွဲ့က စီးလာတဲ့ Mark-II ကားတစ်စီးကတော့ မီးထဲ ပါသွားတယ်လို့ ပြောပါတယ်။ လေယာဉ်ပြေးလမ်း၊ အဆောက်အဦ၊ ဌာန အားလုံး လွတ်ပါတယ်” ဟု ဟဲဟိုးမြို့နေသူတစ်ဦး ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လေယာဉ်ကွင်းအနီးဝန်းကျင်ရှိ မြက်များအား မြတ်ရိတ်စက်ဖြင့်
ဖြတ်ပြီးနောက် မသိမ်းဆည်းရသေးသည့်အတွက် ယင်း မြက်ခြောက်များမှ မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း
သိရသည်။
.
Photo - Khine Twaltar Ye Tun
.