ရှမ်း(ရှေ့) စည်ပင်ပြည်နယ်ခွဲ တာဝန်ခံ ဦးအေးကို ဖမ်းဆီးခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်း(ရှေ့) စည်ပင်ပြည်နယ်ခွဲ တာဝန်ခံ ဦးအေးကို ဖမ်းဆီးခံရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်စည်ပင်သာယာရေးဌာနခွဲ (ကျိုင်းတုံ)၏ ဌာနခွဲတာဝန်ခံ ဖြစ်သူ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုအား ၎င်း၏နေအိမ်တွင် ယမန်နေ့ မတ်လ ၁၁ ရက်၊ ည ၉ နာရီကျော်က ဖမ်းဆီးကာ ကျိုင်းတုံအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
.


"ရဲလည်း ပါတယ်။ ထွေအုပ်လည်း ပါတယ်။ စစ်သားတွေကတော့ ဝင်သွားတာတော့ မတွေ့ရဘူး အပြင်မှာပဲ။ ဦးအေးကို ကို တစ်ခါတည်း အကျဉ်းဦးစီးကို ခေါ်သွားတယ်လို့တော့ ကြားတယ်"ဟု အနီးဝန်းကျင်နေသူ တစ်ဦးက ပြောသည်။
.
လာရောက် ဖမ်းဆီးသူများက ဦးအေးကိုအား မည်သည့် အကြောင်းကြောင့် ဖမ်းသည်ကို ပြောဆိုခြင်း မရှိဘဲ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats