မြန်မာ ဆန္ဒပြသူများ သေဆုံး ဒဏ်ရာရမှုကို စိုးရိမ်ကြောင်း ရုရှားအစိုးရ ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

မြန်မာ ဆန္ဒပြသူများ သေဆုံး ဒဏ်ရာရမှုကို စိုးရိမ်ကြောင်း ရုရှားအစိုးရ ပြော

မြန်မာနိုင်ငံအတွင်း အရပ်သား သေဆုံး၊ ဒဏ်ရာရရှိမှုများ တိုးလာနေသည့် အပေါ် စိုးရိမ်ကြောင်း ရုရှားနိုင်ငံ အစိုးရက မတ်လ ၁၂ ရက်တွင် ပြောဆိုခဲ့သည်။

.



ယင်းကဲ့သို့ ရုရှား၏ ပြောဆိုမှုသည် လက်ရှိ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေမှုများနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် အဖြစ် ထုတ်ဖော် ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

.

“ မြန်မာပြည်တွင်း အခြေအနေဟာ သတိထား စောင့်ကြည့်နေရမယ့် အခြေအနေ ဖြစ်နေတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ အရပ်သားတွေ ထိခိုက် သေဆုံးတဲ့ အရေအတွက် တိုးလာနေတဲ့သတင်းတွေကြောင့်လည်း ကျွန်တော်တို့ ရတက်မအေး ဖြစ်ကြရပါတယ်” ဟု ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က သတင်းထောက်များကို ပြောသည်။

.

မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်ကောင်စီက အာဏာ သိမ်းယူပြီး နောက်ပိုင်း အာဏာသိမ်းမှု အလို မရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူ လူ ၇၀ ဦးထက်မနည်း သေဆုံးခဲ့ကြရသည့် အပြင် ထိခိုက်ဒဏ်ရာ ရရှိသူနှင့် ဖမ်းဆီးခံရသူ အများအပြား ရှိသော်လည်း နိုင်ငံ တစ်ဝန်းတွင် ဆန္ဒပြမှုများကို ဆက်လက် ပြုလုပ်နေလျက် ရှိသည်။

Journal Download

Photo of three cats