ကလောမြို့နယ်၊ အောင်ပန်းမှ ဟဲဟိုးမြို့အကြား ပြည်ထောင်စုလမ်းမကြီး၊ သီခေါင်တောင် အဆင်းတွင် မတ်လ ၃ ရက်၊ နံနက်ပိုင်းက စစ်တပ်ယာဥ် တစ်စီး လမ်းဘေးချောက် အတွင်းသို့ ပြုတ်ကျ တိမ်းမှောက်သဖြင့် တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
သေဆုံးသူမှာ မိတ္ထီလာ အခြေစိုက် စစ်တပ်မှ တပ်ကြပ် တိုးကျော်သူ ဆိုသူ ယာဥ်မောင်း ဖြစ်ကာ မိတ္ထီလာမှ နမ့်စန်မြို့သို့ ပစ္စည်း ပို့ဆောင်ရန် သွားရောက်စဉ် ယာဉ်တိမ်းမှောက်ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းအား အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။