အောင်ပန်း သုဿာန်၌ ရုပ်အလောင်း ၃ ခုထက် မနည်းကို ခိုး၍ မီးသင်္ဂြိုဟ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်း သုဿာန်၌ ရုပ်အလောင်း ၃ ခုထက် မနည်းကို ခိုး၍ မီးသင်္ဂြိုဟ်

အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင် အဖွဲ့များက အောင်ပန်းမြို့ သုဿာန်၌ ယမန်နေ့ မတ်လ ၂၉ ရက်၊ ည ၁၀ နာရီခွဲခန့်တွင် ၃ ခုထက် မနည်းသော ရုပ်အလောင်းများကို ခိုး၍ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

.




" ယူနီဖောင်း ဝတ်တွေနဲ့ သော့ကို ဖျက်ပြီး ဝင်တာ။ သေချာ မသုံးတတ်လို့ ထင်တယ်၊ အပြင်မှာပဲ ကားတာယာတွေကို သုံးပြီး သင်္ဂြိုဟ်သွားတာပါ။ မီးခိုးတွေက ခေါင်းတိုင်က မထွက်ဘဲ ပြူတင်းပေါက်တွေကနေ ထွက်လာဝာာ မြင်ရတယ်။ အရိုးပြာတွေကို ကြည့်ရပုံကတော့ အနည်းဆုံး ၃ လောင်း တော့ ရှိပါမယ်။" ဟု အောင်ပန်းမြို့နေ ဒေသခံများက ပြောသည်။
.
အဆိုပါ မီးသင်္ဂြိုဟ်ခဲ့သည့် ရုပ်အလောင်းများမှာ မည်သူမည်ဝါ ဖြစ်သည်ကို အတိအကျ မသိရှိရကြောင်းနှင့် လူမသိ၊ သူမသိ ကျဆုံးခဲ့ရသူများ၏ ရုပ်အလောင်းများ ဖြစ်နိုင်ကြောင်းလည်း ၎င်းတို့က ဆိုသည်။
.
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အောင်ပန်းမြို့ပေါ် ဆန္ဒထုတ်ဖော်မှုအတွင်း ကျဆုံးခဲ့ရသည့် ပြည်သူများကို စစ်ကောင်စီ လက်နက်ကိုင် အဖွဲ့က ကလောသုဿာန်တွင် ယင်းကဲ့သို့ လူသိမခံဘဲ မီးသင်္ဂြိုဟ်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

Journal Download

Photo of three cats