မြန်မာနိုင်ငံတွင်းရှိ ဩစတေးလျနိုင်ငံသားများအား ၂ ပတ်စာရိက္ခာ စုဆောင်းထားရန်နှင့် လုံခြုံရေးသတိ ရှိရန် ဩစီသံရုံး တိုက်တွန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာနိုင်ငံတွင်းရှိ ဩစတေးလျနိုင်ငံသားများအား ၂ ပတ်စာရိက္ခာ စုဆောင်းထားရန်နှင့် လုံခြုံရေးသတိ ရှိရန် ဩစီသံရုံး တိုက်တွန်း

.

မြန်မာနိုင်ငံအတွင်း ကျန်ရှိနေသည့် ဩစတေးလျနိုင်ငံသားများအား အနည်းဆုံး ၂ ပတ်စာ စားနပ်ရိက္ခာများ စုဆောင်း ထားရှိရန်နှင့် လုံခြုံရေးသတိ ရှိကြရန် ရန်ကုန်မြို့ရှိ ဩစတေးလျသံရုံးက ယနေ့ မတ်လ ၂၃ ရက်၊ နေ့လယ်ပိုင်း တွင် တိုက်တွန်းနှိုးဆော်ထားသည်ဟု သိရသည်။

.



.

မြန်မာနိုင်ငံအတွင်း ကျန်ရှိနေသည့် ဩစတေးလျနိုင်ငံသားများအနေဖြင့် လိုအပ်သည့် စားနပ်ရိက္ခာများ၊ ငွေကြေး နှင့် လုံခြုံသည့် အကာအကွယ်နေရာများအတွက် အဆင်သင့် ပြင်ဆင်ထားရန်၊ အမြင့်ဆုံး လုံခြုံရေးသတိရှိရန်၊ ဩစတေးလျနိုင်ငံ၏ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနတွင် စာရင်းပေးသွင်းထားရန်၊ မီဒီယာများ၊ မိသားစု၊ မိတ်ဆွေများနှင့် အဆက်အသွယ် မပြတ်စေရန်လိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ထို့အပြင် ထိုသို့ ဈေးဆိုင်များ ပိတ်သွားခဲ့ပါကလည်း အဆင်သင့်ဖြစ်နေစေရန်အတွက် စားနပ်ရိက္ခာများကို အနည်းဆုံး ရက်သတ္တ ၂ ပတ်စာ စုဆောင်းထားရန်လိုကြောင်း ဩစီသံရုံးက တိုက်တွန်းထားသည်။

.

မြန်မာနိုင်ငံအတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်က စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်နေပြီး ပြည်တွင်းရှိ မြို့နယ်ဒေသအသီးသီးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများအပြင် ပြည်တွင်းစစ် နှင့် နိုင်ငံတကာ ထိုးစစ်များ ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။

.

Journal Download

Photo of three cats