အောင်ပန်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအား စစ်ကောင်စီ လက်နက်ကိုင်များက ပြန်ဖွင့် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအား စစ်ကောင်စီ လက်နက်ကိုင်များက ပြန်ဖွင့်

.

ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် အာဏာသိမ်းစစ်ကောင်စီမှ ခန့်အပ်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အလိုမရှိဟု ဆိုကာ ရပ်ကွက်ကိုယ်ပိုင်အုပ်ချုပ်မည်ဟု ကြေညာပိတ်သိမ်းထားသည့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံးများကို ယနေ့ မတ်လ ၂၂ ရက်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များက ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

.

.

ယင်းသို့ ရပ်ကွက်ရုံးများ ပြန်လည်ဖွင့်လှစ်ရာတွင် သက်ဆိုင်ရာရပ်ကွက်မှ ယခင်ရပ်ကွက်အုပ်ချုပ်ရေးပိုင်းများနှင့် ရပ်မိရပ်ဖများကို ခေါ်ယူကာဖွင့်လှစ်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

.

“အရင်က ရာအိမ်မှူးတချို့ ပါတာတော့ တွေ့ရတယ်။ သူတို့ခန့်တဲ့သူတွေကိုတော့ မသိဘူး။ ဆန့်ကျင်တဲ့သူတွေ ကိုပဲ ဆောင်ရွက်ဖို့ရှိမယ်၊ မပါသူတွေကို ဘာမှမလုပ်ဘူးလို့ ပြောတယ်။ မနေ့ကတည်းက ရုံးတွေဖွင့်ဖို့ အင်အားနဲ့ လုပ်နေတာ။ အခု မြို့ဟောင်းရပ်ကွက်ရုံးကို ဖွင့်ဖို့ လုပ်ဆောင်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

.

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များသည် အောင်ပန်းနယ်မြေရဲစခန်းတွင် အင်အား အများအပြားဖြင့် တပ်စွဲထားကြောင်း သိရသည်။

.

အောင်ပန်းမြို့၌ စစ်အာာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများကို မတ်လ ၁၉ ရက်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ရာ ၈ ဦးကျဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိကာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ အရေအတွက်ကို အတိအကျ မသိရှိရသေးချေ။

.

#KBZTai #Shan #AungBan

.

လွတ်လပ်၍ အမှီအခို ကင်းသော မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ရေး ထောက်ပံ့မှုများ ပြုလုပ်လိုပါက https://www.kanbawzatainews.com/p/blog-page_6.html

.


Journal Download

Photo of three cats