.
မိုးမိတ်မြို့နယ်အတွင်း
ဆောင်ရွက်နေသည့် ပြင်သစ်အစိုးရ ရှယ်ယာ အများစုပိုင် ရွှေလီ အမှတ် (၃) ရေအားလျှပ်စစ်
စီမံကိန်းကို ရပ်ဆိုင်းကြောင်း Electriciti
de France-EDF ကုမ္ပဏီက မတ်လ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ သည်ဟု သိရသည်။
.
.
စစ်အာဏာသိမ်းခြင်း၊
လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှုများကျူးလွန်ခြင်း၊
လူ့အခွင့်အရေးချိုးဖောက်မှုများအပါအ၀င် စစ်တပ်မှ ရာဇ၀တ်မှုများ
ကျူးလွန်ခြင်းတို့ကြောင့် စီမံကိန်းရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်
ဖော်ပြပါရှိသည်။
.
Electriciti
de France-EDF ကုမ္ပဏီမှာ ပြင်သစ်အစိုးရက ရှယ်ယာအများစုပိုင်ဆိုင်ကာ
အမေရိကန် ဒေါ်လာ ၁ ဒသမ ၅၁ ဘီလီယံတန်ဖိုးရှိပြီး ရွှေလီအမှတ် (၃) ရေအားလျှပ်စစ်
ရေကာတာ စီမံကိန်းကို ဂျပန်ကုမ္ပဏီ မာရူဘီနီနှင့် မြန်မာနိုင်ငံမှ ခရိုနီ ဧရာဟင်္သာ
ကုမ္ပဏီတို့ ပူးပေါင်းပါဝင်မှုဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကာ စီမံကိန်းမှ လျှပ်စစ်ဓါတ်အား
၆၇၁ မဂ္ဂါဝပ် ထွက်ရှိမည် ဖြစ်ကြောင်း သိရသည်။
.
ယင်း
စီမံကိန်း ရပ်ဆိုင်းမှုကို Justic
For Myanmar နှင့် Info Birmanle တို့ က ကြိုဆိုကြောင်း ကြေညာ
ချက်ထုတ်ပြန်ခဲ့သည်။
.
ထုတ်ပြန်ချက်တွင်
ရွှေလီအမှတ် (၃) ရေအားလျှပ်စစ် ရေကာတာ စီမံကိန်းအား မည်သည့်အခါမျှ မပြုလုပ် သင့်ကြောင်းနှင့်
ဒေသခံများက ဆန့်ကျင်နေခဲ့သည့် စီမံကိန်းများဖြစ်ကြောင်း ဖော်ပြထားသည်။
.