ကမ္ဘောဇတိုင်း
.
မြို့တော်တောင်ကြီးတွင်
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများကို ယနေ့ မတ်လ ၂ ရက်တွင် ရဲနှင့် စစ်တပ်မှ အကြမ်းဖက်
လိုက်လံဖြိုခွင်းနေသော်လည်း ဆန္ဒပြမှုများကို မြို့ပေါ်ရှိ နေရာအနှံ့တွင် အစုအဖွဲ့အလိုက်
သီးခြားစီ ဆက်လက်လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။
.
.ထိုသို့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုများကို
လူငယ်များမှ အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို ၅၅ လက်မောင်း တံဆိပ်ပါ
စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက ဖြိုခွဲနေခြင်း ဖြစ်သည်။
.
စစ်တပ်နှင့်ရဲတပ်ဖွဲ့က ဆန္ဒထုတ်ဖော်သူများအား
ယနေ့နံနက်ပိုင်းက အမှတ် (၅) ဈေးအနီး၊ ယက္ကန်းကျောင်းလမ်းဆုံ အနီး၊ မြင်းစီးရုပ်အနီး
စသည့်နေရာများတွင် မျက်ရည်ယိုဗုံးများ၊ အသံမိုင်းများပစ်ဖောက်ခြင်း၊ သေနတ်ပစ်ဖောက်ခြင်း
ဖြင့် အကြမ်းဖက်ဖြိုခွင်းနေခြင်းဖြစ်ကြောင်း သိရသည်။
.
ယနေ့ အကြမ်းဖက်ဖြိုခွင်းမှုနှင့်
ပတ်သက်၍ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ဖမ်းဆီးခံရမှု အခြေအနေများကို မသိရှိရသေးချေ။
.
[ထိခိုက်ဒဏ်ရာ
ရရှိသူများ၊ ဖမ်းဆီး ခံရသူများ ရှိပါက အတည်ပြုနိုင်ရန်အတွက် ဆက်သွယ်ပေးကြပါရန်
မေတ္တာရပ်ခံပါသည်။]
.