နမ့်စန်မြို့၌ ယနေ့ မတ်လ ၉ ရက်၊ နံနက်အစောပိုင်းတွင် ဆန္ဒပြသူများကို ဖြိုခွဲရန် စောင့်ဆိုင်းနေသည့် ကားပေါ်မှ လက်နက်ကိုင် တစ်ဦးသည် သေနတ်ကျည် ထွက်ကာ မိမိကိုယ်ကို ထိမှန်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
.
" ဒီနေ့ နံနက် အစောပိုင်း လုံခြုံရေးတပ်ဖွဲ့က ဆန္ဒ ထုတ်ဖော်မယ့် လူငယ်တွေရဲ့ စုရပ် မြို့နယ် ခန်းမမှာ စောင့်ဆိုင်းနေကြတာပါ။ သူ့ သေနတ်ကို လွယ်လိုက်ရင်း မောင်းချိန်ထားတဲ့ သေနတ်က ကျည် ထွက်သွားတာ ဖြစ်နိုင်တယ်ဗျ။"ဟု နမ့်စန်မြို့နေသူ တစ်ဦးက ပြောသည်။
.
အဆိုပါ သေနတ်ကျည် ပေါက်ထွက်ရသည့် အခြေအနေနှင့် ဒဏ်ရာ ရရှိသူ၏ အသေးစိတ် အခြေအနေများကိုမူ ကမ္ဘောဇတိုင်း အနေဖြင့် သိရှိရခြင်း မရှိသေးပေ။