တောင်ကြီးမြို့ပေါ်ရှိ နေရာအချို့တွင် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များ တပ်စွဲထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ပေါ်ရှိ နေရာအချို့တွင် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များ တပ်စွဲထား

.

တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းအချို့တွင် ယနေ့ မတ်လ ၂၃ ရက်၊ နံနက်ပိုင်းမှ စတင်၍ စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက တပ်စွဲထားကြောင်း သိရသည်။

.

.

အဆိုပါ လက်နက်ကိုင်အဖွဲ့များ တပ်စွဲထားသည့် နေရာများမှာ တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး၊ ရတနာသီရိရပ်ကွက်ရှိ အထက (၉) ကျောင်းနှင့် ဓမ္မဝိဓူအုတ်ဖို ဘုန်းတော်ကြီးကျောင်းတို့ဖြစ်ပြီး ယင်းကဲ့သို့ တပ်စွဲမှုကို ဒေသခံများက ကျေနပ်ခြင်းမရှိကြောင်း သိရသည်။

.

အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များက ပြီးခဲ့သည့် မတ်လ ၂၁ ရက်မှ စတင်၍ တောင်ကြီးမြို့ပေါ်ရပ်ကွက် များအတွင်း အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးမှုများ၊ အသံဗုံးနှင့် သေနတ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ဆန္ဒပြသူများ နှင့် ဆက်စပ်သူအများအပြားကို ထိန်းသိမ်းထားကာ ယခုအခါ ယင်းကဲ့သို့ မြို့ပေါ်နေရာအချို့တွင် စခန်းချ တပ်စွဲလာခြင်း ဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ အခြေခံပညာအထက်တန်းကျောင်းတစ်ခုတွင် လက်နက်ကိုင်များ တပ်စွဲထားမှုနှင့် ပတ်သက်၍ ခွင့်မပြုရန် နှင့် တပ်စွဲခွင့်ပေးခြင်း အပါအဝင် ကူညီ ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပါက ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို ပြစ်တင်ရှုတ်ချသွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂက ယနေ့ မတ်လ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

.

Photo – CJ

.

Journal Download

Photo of three cats