အောင်ပန်းတွင် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ကျဆုံးသူ ၈ ဦး ရှိပြီဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ကျဆုံးသူ ၈ ဦး ရှိပြီဖြစ်

.

ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ယနေ့ မတ်လ ၁၉ ရက်အတွင်း အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်အဖွဲ့ များ၏ အကြမ်းဖက် ပစ်ခတ်မှုများကြောင့် ကျဆုံးသူ ၈ ဦး ရှိပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူနှင့် ဖမ်းဆီး ခံရသူများလည်း ရှိနေကြောင်း သိရသည်။

.

.

“ကျဆုံး ၈ ဦး မှန်ပါတယ်။ ကလောဆေးရုံမှာ တစ်ဦး၊ အိမ်သယ်လာတာ တစ်ဦးနဲ့ အောင်ပန်း ကုတင် ၇၀၀ မှာ ၆ ဦးပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

.

အဆိုပါ ကျဆုံးသူ ၈ ဦး၏ ရုပ်အလောင်းများကို အောင်ပန်းမြို့ ကုတင် ၇၀၀ ဆေးရုံတွင် ရင်ခွဲပြီး နေ့ချင်းသင်္ဂြိုဟ်ခိုင်း ထားကြောင်း သိရသည်။

.

“တချို့ကျတော့ ကလောကို သယ်သွားတဲ့တစ်ယောက်ဆိုရင် သေနတ် မှန်လျက်သားနဲ့ သူတို့ ရိုက်။ ကန်လို့ သေထားရတာပါ။ သေနတ်ပစ်သွားတာ အချက် ၃၀၀/၄၀၀ လောက် ရှိပါတယ်။ ဘယ်သူမှ အိမ်ထဲအိမ်ပြင်တောင် မထွက်ရဲတဲ့အခြေ အနေ ဖြစ်နေပြီ။ သူတို့က မည်းမည်းမြင်ရာ အကုန်လိုက်ပစ်နေတာပါ” ဟု အခြား ဒေသခံ တစ်ဦးကလည်း ပြောသည်။

.

အောင်ပန်းမြို့မှ ပင်းတယမြို့ဘက်အထွက် လှည်းရိုးရပ်ကွက်တွင် လက်ရှိအချိန်အထိ ပစ်ခတ်မှုများ ရှိနေဆဲဖြစ်ပြီး တပ်မ ၅၅ က တပ်ကူလာရောက်ကာ အောင်ပန်းမြို့တွင် ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

.

အဆိုပါ ပစ်ခတ်မှုများအတွင်း ထိခိုက်ဒဏ်ရာရရှိသူ ကလောဆေးရုံတွင် ၆ ဦးနှင့် အောင်ပန်း ကုတင် ၇၀၀ ဆေးရုံတွင် ၁၇ ဦး ရှိပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ အရေအတွက်ကို မသိရှိရသေးသကဲ့သို့ မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွား သည်ကိုလည်း မသိရှိရသေးချေ။

.

အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များက အောင်ပန်းမြို့တွင် ယနေ့ မတ်လ ၁၉ ရက်၊ နံနက်ပိုင်းမှ စတင်၍ အကြမ်းဖက် ပစ်ခတ်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats