မြို့တော် တောင်ကြီးတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးနှင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ပြန်လည် လွတ်မြောက်ရေးအတွက် သတ္တမမြောက်နေ့အဖြစ် ပဌာန်းရွတ်ဆိုပူဇော် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြို့တော် တောင်ကြီးတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးနှင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ပြန်လည် လွတ်မြောက်ရေးအတွက် သတ္တမမြောက်နေ့အဖြစ် ပဌာန်းရွတ်ဆိုပူဇော်

ကမ္ဘောဇတိုင်း

.

မြို့တော် တောင်ကြီးတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးနှင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ပြန်လည် လွတ်မြောက်ရေးအတွက် ယနေ့ မတ်လ ၁ ရက်၊ ညနေပိုင်းက သတ္တမမြောက်နေ့အဖြစ် စုပေါင်း ပဌာန်းရွတ်ဆိုပူဇော်ခဲ့ကြောင်း သိရသည်။

.

.

ယင်းကဲ့သို့ စုပေါင်း ပဌာန်းရွတ်ဆိုပူဇော်ရာတွင် ယခင်ရက်များက တောင်ကြီးမြို့၊ ဗိုလ်ချုပ်လမ်းဘေးရှိ လူသွားစင်္ကြန် ပလက်ဖောင်းပေါ်တွင် ရွတ်ဆိုခဲ့ကြသော်လည်း ယနေ့ ညနေပိုင်းတွင် ရဲတပ်ဖွဲ့က လာရောက်တားမြစ်ခဲ့သည့်အတွက် အလိမ္မာစတိုးဘေးရှိ ခန်းမအလွတ်တစ်ခု၌သာ ရွတ်ဆိုပူဇော်ခဲ့ရကြောင်း သိရသည်။

.

အဆိုပါ စုပေါင်း ပဌာန်းရွတ်ဆိုပူဇော်မှုကို ၁၁ ရက်ဆက်တိုက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats