ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် လဲလှယ်ရန် စစ်ကောင်စီ၏ ကြိုးပမ်းမှု မအောင်မြင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် လဲလှယ်ရန် စစ်ကောင်စီ၏ ကြိုးပမ်းမှု မအောင်မြင်

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနေရာကို ဒုတိယအမြဲတမ်း ကိုယ်စားလှယ် ဦးတင်မောင်နိုင်နှင့် အစားထိုးလဲလှယ်ရန် အာဏာသိမ်း စစ်ကောင်စီ၏ ကြိုးပမ်းမှုမှာ မ​အောင်မြင်ခဲ့​ကြောင်း သိရသည်။

.



ဦးတင်မောင်နိုင်သည် ရာထူးမှ နုတ်ထွက်ကြောင်း ယနေ့ မတ်လ ၃ ရက်တွက် ကြေညာလိုက်ခြင်း​ကြောင့် ယင်းသို့ စစ်​ကောင်စီ၏ ကြိုးပမ်းမှု မ​အောင်မြင်ရခြင်း ဖြစ်သည်။

.

နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဖြစ်သူ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ပြီးခဲ့သည့် ​ဖေ​ဖော်ဝါရီလ  ၂၆ ရက်က ပြုလုပ်သော ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အာဏာသိမ်းတပ်မတော်ကို ကမ္ဘာ့နိုင်ငံများက အသိအမှတ်မပြုရေး အပါအဝင် ပြည်သူ့အတွက် သတင်းစကား ​ပြောဆိုမှုများ ပြုလုပ်ပြီး​နောက် စစ်ကောင်စီက သံအမတ်ကြီးကို ရာထူးမှ နုတ်ပယ်သည်ဟု ကြေညာခဲ့သည်။

.

CRPH မှ ဖွဲ့စည်းခဲ့သည့် နိုင်ငံခြား​ရေးဝန်ကြီးဌာနက ဦး​ကျော်မိုးထွန်းအား နိုင်ငံခြား​ရေးရာနှင့် သံတမန်​ရေးရာ ကိစ္စရပ်များကိုပါ စီမံခန့်ခွဲရန် တာဝန်​ ပေးအပ်ခဲ့သည့် အပြင် ၎င်းသည်သာ မြန်မာနိုင်ငံ ကိုယ်စားပြု​သော သံအမတ်ကြီး ဖြစ်​ကြောင်း CRPH က ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats