.
ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ယနေ့ မတ်လ ၁၃ ရက်၊ နံနက်ပိုင်းက
စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေသူများကို အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက
အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၀ ဦး ရှိနေကြောင်း
သိရသည်။
.
အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံထားရသူများမှာ အမျိုးသား ၉ ဦးနှင့်
အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး ၎င်းတို့ကို တောင်ကြီးမြို့နယ်ရှိ တောင်လေးလုံးအကျဉ်းထောင်သို့
ပို့ဆောင်ခဲ့ကြောင်း သိရသည်။
.
အောင်ပန်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများကို
ဖေဖော်ဝါရီလ ၈ ရက်ကတည်းက စတင် ဆောင်ရွက်ခဲ့ပြီး မတ်လ ၁၁ ရက်မှ စတင်ကာ အာဏာသိမ်းစစ်ကောင်စီ၏
လက်နက်ကိုင်အဖွဲ့များက လိုက်လံ တားဆီးပိတ်ဆို့ ဖြိုခွင်းနေခြင်းဖြစ်ကြောင်း သိရသည်။
.