​ရှမ်းပြည်နယ်ဥပ​ဒေချုပ် ဦးတင်ဦးကို စစ်​ကောင်စီက ပြည်နယ်ဥပ​ဒေချုပ် အဖြစ် ဆက်လက်တာဝန်​ပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​ရှမ်းပြည်နယ်ဥပ​ဒေချုပ် ဦးတင်ဦးကို စစ်​ကောင်စီက ပြည်နယ်ဥပ​ဒေချုပ် အဖြစ် ဆက်လက်တာဝန်​ပေး

ရှမ်းပြည်နယ် ဥပ​ဒေချုပ် ဦးတင်ဦးကို စစ်​ကောင်စီက ပြည်နယ်ဥပ​ဒေချုပ်အဖြစ် ဆက်လက်တာဝန် ​ပေးအပ်ခဲ့​ကြောင်း သိရသည်။

.



" ကျွန်​တော့်ကိုပဲ ပြန်ပြီး တာဝန်​ပေးထားတာကို ​တွေ့ရပါတယ်။ ကျွန်​တော်တို့က​တော့ မည်သည့် အဖွဲ့အစည်းပဲ ဆို​စေကာမူ ဥပ​ဒေစကားပဲ ​ပြောခဲ့ရတဲ့အတွက်​ကြောင့် ဥပ​ဒေအတိုင်းပဲ အလုပ် တာဝန် ထမ်း​ဆောင်ရမှာ​ပေါ့။ ဥပ​ဒေနဲ့ အညီ တာဝန်ပဲ ထမ်း​ဆောင်​ပေးအပ်မှာပါ။"ဟု ဦးတင်ဦးက က​မ္ဘောဇတိုင်းသို့ ​ပြောသည်။

.

အာဏာသိမ်း စစ်​ကောင်စီမှ မတ်လ ၄ ရက် ရက်စွဲဖြင့် တိုင်း​ဒေသကြီး/ပြည်နယ် ဥပ​ဒေချုပ်များ ခန့်အပ် တာဝန်​ပေးအပ်​ကြောင်း ယ​​နေ့တွင် ထုတ်ပြန်ခဲ့ရာ ဦးတင်ဦးလည်း ပါဝင်လာခြင်း ဖြစ်သည်။

.

ဦးတင်ဦးသည် လက်ရှိ ဒုတိယအကြိမ် ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် ဥပ​ဒေချုပ်အဖြစ် တာဝန်ထမ်း​ဆောင်​နေသူ ဖြစ်ကာ ယခင်က ​တောင်ကြီးခရိုင် ​ရွေး​ကောက်ပွဲ​ကော်မရှင် ဥက္ကဌအဖြစ် တာဝန်ယူခဲ့ဖူးသူလည်း ဖြစ်သည်။

Journal Download

Photo of three cats