အမိန့်အာဏာဖြင့် စေခိုင်းလာပါက ဆောင်ရွက်မည်မဟုတ်ကြောင်း တောင်ကြီးမြို့ရှိ ပရဟိတအဖွဲ့အစည်းမှ ဦးဝင်းနိုင်စိုး ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အမိန့်အာဏာဖြင့် စေခိုင်းလာပါက ဆောင်ရွက်မည်မဟုတ်ကြောင်း တောင်ကြီးမြို့ရှိ ပရဟိတအဖွဲ့အစည်းမှ ဦးဝင်းနိုင်စိုး ပြော

ကမ္ဘောဇတိုင်း

.

အမိန့်အာဏာဖြင့် စေခိုင်းလာပါက ဆောင်ရွက်ပေးမည်မဟုတ်ဘဲ ပုံမှန်အတိုင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် လက်ရှိအခြေအနေအရ ပရဟိတကားများနှင့် ပစ္စည်းများကို သိမ်းဆည်းထားကြောင်း တောင်ကြီးမြို့ တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေသည့် ပရဟိတအဖွဲ့အစည်းမှ ဦးဝင်းနိုင်စိုးက ပြောဆိုခဲ့သည်။

.


.

“ကျွန်တော်တို့ ပရဟိတကားတွေ အကုန်လုံး နေရာရွှေ့ထားလိုက်တယ်။ နောက်ဘာဖြစ်လာမယ်ဆိုတာ အခြေအနေ စောင့်ကြည့်ရမှာပေါ့။ မြို့နယ် COVID-19 ကော်မတီနဲ့တော့ ပုံမှန်အတိုင်း လုပ်နေမှာပါ။ ကျွန်တော်တို့ကတော့ ပရဟိတ သမားတွေဖြစ်တဲ့အတွက် အမိန့်အာဏာနဲ့ ခိုင်းလာရင် ဆောင်ရွက်မှာမဟုတ်ပါဘူး။ ပုံမှန်အတိုင်း မြို့နယ် ကော်မတီက ခိုင်းစေတာဆိုရင်တော့ လုပ်မှာပါ” ဟု ဦးဝင်းနိုင်စိုးက ပြောသည်။

.

ဦးဝင်းနိုင်စိုးနှင့် အဖွဲ့သည် COVID-19 ရောဂါ စတင်ဖြစ်ပွားစဉ်ကတည်းက တောင်ကြီးမြို့တွင် ဆေးဖြန်းခြင်း၊ COVID-19 လူနာနှင့် ထိတွေ့ဆက်စပ်သူများအား Quarantine Center များသို့ ပို့ဆောင်ခြင်း အပါအဝင် အခြား လုပ်ငန်းများကို မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီနှင့်အတူ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats