စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မည်ဟု အမေရိကန်သမ္မတ ကြေညာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မည်ဟု အမေရိကန်သမ္မတ ကြေညာ

ကမ္ဘောဇတိုင်း

.

မြန်မာနိုင်ငံမှ အာဏာသိမ်းစစ်အစိုးရ ခေါင်းဆောင်များ၊ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအပြင် အနီးကပ် မိသားစုဝင် များကို ပိတ်ဆို့အရေးယူဒဏ်ခတ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ဖေဖော်ဝါရီလ ၁၀ ရက် နေ့လယ်ပိုင်းတွင်  ကြေညာခဲ့သည်ဟု သိရသည်။

.

.

“အာဏာသိမ်းခေါင်းဆောင်တွေအပေါ် နောက်ဆက်တွဲအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မယ့် အရေးယူဆောင်ရွက်မှု အစီအစဉ်တွေကို ဒီနေ့ ကျွန်တော်ကြေညာပါမယ်။ အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့ မြန်မာအစိုးရရဲ့ ရန်ပုံငွေ ဒေါ်လာ တစ်ဘီလျံကို စစ်ဗိုလ်ချုပ်တွေတရားနည်းလမ်းမကျရယူမှုကနေ တားဆီးဟန့်တားသွားဖို့ အမေရိကန်အစိုးရကဆောင်ရွက်နေပါပြီ။ အာဏာသိမ်းဖို့ညွှန်ကြားတဲ့ စစ်တပ်ခေါင်းဆောင်တွေ၊ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအပြင် သူတို့ရဲ့ အနီးကပ်မိသားစုဝင်တွေကို ချက်ချင်းဒဏ်ခတ်ပိတ်ဆို့နိုင်မယ့် သမ္မတ အမိန့်အသစ်တစ်ရပ်ကို ကျွန်တော်ဒီနေ့ပဲ ခွင့်ပြုလိုက်ပါပြီ” ဟု သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။

.

ပစ်မှတ်ထား အရေးယူဒဏ်ခတ်ပိတ်ဆို့မည့် ပထမအသုတ် စာရင်းကို ယခုသီတင်းပတ်အတွင်း ထုတ်ပြန် သွားမည်ဖြစ်ပြီး ပို့ကုန်ထိန်းချုပ်မှုဆိုင်ရာ ခိုင်မာသည့် အ‌ရေးယူဒဏ်ခတ် ပိတ်ဆို့မှုများကိုလည်း ချမှတ် သွားမည်ဖြစ်ကြောင်း၊ မြန်မာအစိုးရ အကျိုးရှိစေမည့် ပိုင်ဆိုင်မှုများကို ထိန်းချုပ်ပိတ်ပင်သွားမည်ဖြစ်ပြီး မြန်မာပြည်သူလူထုအတွက် တိုက်ရိုက် အကျိုးရှိစေမည့် ကျန်းမာရေးစောင့်‌ရှောက်မှု၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် အခြားကဏ္ဍများ အတွက် ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင် ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

.

ထို့အတူ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ကြီးထွားလာနေချိန်တွင် ဒီမိုကရေစီ အခြေခံအခွင့်အရေး အရ ဆန္ဒပြ သူများအပေါ် အကြမ်းဖက်သည့် လုပ်ရပ်များကို လက်ခံသွားမည်မဟုတ်ကြောင်း၊ မြန်မာပြည်သူ များ အနေဖြင့် ၎င်းတို့၏ ဆန္ဒများကို ထုတ်ဖော်ပြသနေခြင်းဖြစ်ပြီး ကမ္ဘာမှလည်း စောင့်ကြည့်နေကြောင်း၊ မဟာမိတ်များနှင့်အတူ ပြင်းထန်သည့် အရေးယူမှုများကို ချမှတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

.

Journal Download

Photo of three cats