တပ်မတော်အာဏာသိမ်းမှု မအောင်မြင်ရေး ဖိအားပေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တပ်မတော်အာဏာသိမ်းမှု မအောင်မြင်ရေး ဖိအားပေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြော

ကမ္ဘောဇတိုင်း

.

မြန်မာနိုင်ငံတွင် တပ်မတော်အာဏာသိမ်းမှု မအောင်မြင်စေရေးအတွက် ဖိအားပေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပြောဆိုခဲ့သည်ဟု သိရသည်။

.

.

အန်တိုနီယို ဂူတားရက်စ်က ဝါရှင်တန်ပို့စ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

.

“တပ်မတော်က အာဏာသိမ်းတာမအောင်မြင်စေရေးအတွက် ကမ္ဘာ့နိုင်ငံအသီးသီးကနေ စုပေါင်း ဖိအားပေးမှုတွေပြုလုပ်သွားမှာပါ။ ရွေးကောက်ပွဲအပြီးမှာ တပ်မတော်ရဲ့အာဏာသိမ်းမှုဟာ လုံးဝ လက်မခံနိုင်စရာပါ။ မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ ပုံမှန်အတိုင်းသာ ကျင်းပခဲ့တာပါ”ဟု ၎င်းက ပြောသည်။

.

မြန်မာနိုင်ငံကို ပြစ်တင်ရှုတ်ချသည့် ကြေညာချက်ထုတ်ရန်နှင့် ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအရေးပေါ် အစည်းအဝေးတွင် အဆင်မပြေ ခဲ့သော်လည်း နိုင်ငံအသီးသီးမှ စုပေါင်းဖိအားပေးခြင်းဖြင့် အာဏာသိမ်းမှု ကျရှုံးစေရန် လုပ်ဆောင်မည်ဟုကတိပေးခဲ့ခြင်းဖြစ်သည်။

.

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်က ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲစာရင်း မသမာမှုများ ရှိနေသည်ဟုဆိုကာ ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ NLD ပါတီဝင်များကို တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းကာ တပ်မတော်က နိုင်ငံတော်အာဏာ သိမ်းယူ ခဲ့ခြင်းဖြစ်ပြီး အရေးပေါ်ကာလ လုပ်ဆောင်ချက်များနှင့် အညီ လုပ်ဆောင်ပြီးပါက ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပြီး အနိုင်ရသည့် ပါတီကို အာဏာပြန်လွှဲမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ကြေညာထားသည်။

.

Photo - Internet

.

Journal Download

Photo of three cats