ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့နယ်
စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ စည်ပင်သာယာဌာနမှ လုပ်ငန်းလိုင်စင် ထုတ်ပေးထားသော ဆိုင်များအနက်
စားသောက်ဆိုင်၊ အခြေခံစားသောက်ကုန်နှင့် ဆေးဝါး အရောင်းဆိုင် များ၊ စက်သုံးဆီအရောင်းဆိုင်များမှအပ
ကျန်ဆိုင်များအားလုံး ယနေ့ ဖေဖော်ဝါရီလ ၉ ရက်မှ စတင်၍ ယာယီ ပိတ်ထားရန် တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ
အကြောင်းကြားထားသည်ဟု သိရသည်။
.
“အထက်ဌာနတွေရဲ့
ညွှန်ကြားချက်အရ ဒီနေ့ပဲ စာတွေ လိုက်ဖြန့်လိုက်ပါပြီ” ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ
အရာရှိ တစ်ဦးက ပြောသည်။
.
ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနနှင့်
တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ ညွှန်ကြားစာ အရ မြို့နယ်စည်ပင်သာယာရေးဌာနမှ
တောင်ကြီးမြို့နယ်စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ စည်ပင်လိုင်စင်ရလုပ်ငန်း များအား
ထပ်ဆင့် အကြောင်းကြားထားခြင်းဖြစ်ကြောင်း သိရသည်။
.