မြို့တော် တောင်ကြီးတွင် ယနေ့ ဖေဖော်ဝါရီလ ၃ ရက်၊ ည ၈ နာရီ ဝန်းကျင်က သံပုံးတီးကမ်းပိန်းကို ဒေသခံများက ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
" ကိုယ့် အိမ်မှာပဲ ကိုယ်၊ ငြိမ်းချမ်းစွာနဲ့ လုပ်တာပါ။ ဘယ်သူမှလည်း မပါဘူး၊ အိမ်က မိသားစုဝင်တွေပါပဲ။ သံပုံး တီးတယ်ဆိုတဲ့ ရည်ရွယ်ချက်ကတော့ မကောင်းဆိုးဝါး နှင်တာပေါ့။" ဟု တောင်ကြီး ဒေသခံ တစ်ဦးက ပြောသည်။
.
တပ်မတော်က အာဏာ ရယူပြီးနောက် တောင်ကြီးမြို့ အပါအဝင် မြန်မာနိုင်ငံရှိ မြို့အချို့တွင် သံပုံးတီးကမ်းပိန်းကို တပ်မတော်၏ အာဏာရယူမှုအား ကန့်ကွက်သည့် ပြည်သူများက ပြုလုပ်ကြခြင်း ဖြစ်သည်။