တောင်ကြီးတွင် ပဌာန်းရွတ်မည့် နေရာအား မိုင်းရှာမည်ဟု ဆိုကာ ဖယ်ရှားခိုင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် ပဌာန်းရွတ်မည့် နေရာအား မိုင်းရှာမည်ဟု ဆိုကာ ဖယ်ရှားခိုင်း

တောင်ကြီးမြို့၊ ဗိုလ်ချုပ်လမ်းမ​​ပေါ်၌ ပြည်သူများက ပဌာန်းရွတ်ရန် ပြင်ဆင်​နေစဥ် မိုင်းရှာဖွေမည်ဟု ဆိုကာ လုံခြုံ​​​ရေးများက ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်၊ ညနေပိုင်းတွင် ဖယ်ရှားခိုင်းကြောင်း သိရသည်။

.



​တောင်ကြီးမြို့၌ ပြည်သူများက ပဌာန်း ရွတ်လာသည်မှာ ၄ ရက်တိုင် ရှိပြီ ဖြစ်ပြီး ယ​နေ့တွင်ပဌာန်းရွတ်မည့် နေရာအား လုံခြုံရေးစည်းများ တားကာ မိုင်းရှာ​ဖွေမည်ဟု အ​ကြောင်းပြ၍ ဖယ်ရှားခိုင်းခြင်း ဖြစ်​ကြောင်း သိရသည်။

.

အဆိုပါ ဖယ်ရှားခိုင်းမှု​ကြောင့် ပဌာန်းရွတ်ဖတ်မည့် ပြည်သူများသည် ယင်း​နေရာ၏ မျက်နှာချင်းဆိုင် အရှေ့တွင် နေရာပြောင်းလဲကာ ၅ ရက်​မြောက် အဖြစ် ပဌာန်းရွတ်ဆို​​ ပူ​ဇော်နေလျက် ရှိကြောင်း သိရသည်။

.



ယ​နေ့ ​နေ့လယ် ၁ နာရီခွဲခန့်တွင် ​လည်း တောင်ကြီးမြို့​ပေါ်ရှိ ဟိုတယ် ၄ ခု၌ ဗုံး ​ပေါက်ကွဲမည် ဖြစ်​ကြောင်း သတင်း​ ပေးသည်ဟု ဆိုကာ မိုင်း ရှင်းလင်း/ရှာ​ဖွေမှုများ ပြုလုပ်​ခဲ့​သော်လည်း ပြည်သူများကမူ အထိတ်တလန့် ဖြစ်​စေရန် ရည်ရွယ် လုပ်​ဆောင်သည်ဟု ​ဝေဖန်​နေကြသည်။

Journal Download

Photo of three cats