တောင်ကြီးမြို့၊ မြို့မစျေး၊ ဗိုလ်ချုပ်လမ်းမပေါ်၌ လူငယ် တစ်ဦးကို ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်၊ နေ့လယ်ပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
.
ဖမ်းဆီး ခံရသူ လူငယ်မှာ တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်နေ ကိုဟိန်းထက်အောင် ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး၍ ဖမ်းဆီးကာ ကားပေါ်တင် ခေါ်သွားခြင်း ဖြစ်ကြောင်း သိရသည်။
.
ဗိုလ်ချုပ် လမ်းမပေါ်၌ စစ်အာဏာရှင် ဆန့်ကျင်သည့် အနေဖြင့် ငြိမ်းချမ်းစွာဖြင့် ထိုင်သပိတ် ပြုလုပ်နေသော လူငယ်များကို ရဲတပ်ဖွဲ့က လာရောက်ဖြိုခွဲကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။