ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့၊
ပြည်သူ့ပါတီမှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်
ကိုယ်စားလှယ်လောင်း ဦးဝင်းကိုကိုသည် အေးသာယာမြို့ရှိ ၎င်း၏ ဖခင်နေအိမ်၌ ယနေ့
ဖေဖော်ဝါရီလ ၁၀ ရက်၊ နေ့လယ်ပိုင်းက ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။
.
.“ဖမ်းဆီးခံရတာ
ဟုတ်ပါတယ်။ ဆန္ဒပြတဲ့ကိစ္စတွေနဲ့ ပတ်သက်မယ် ထင်ပါတယ်။ ဒီနေ့ နေ့လယ် ၁ နာရီလောက်ကပဲ
အဖမ်းခံရတာပါ” ဟု ပြည်သူ့ပါတီ ရှမ်းပြည်နယ်ဥက္ကဋ္ဌ ဦးအောင်အောင်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
တောင်ကြီးမြို့တွင်
ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်၊ နံနက်အစောပိုင်း (၂ နာရီခန့်) ကလည်း နိုင်ငံရေး အကျဉ်းသားဟောင်း ဦးမြင့်ဌေး
(ခ) ကိုဘယ်ကျော်၊ ပညာရောင်ခြည် ကိုယ်ပိုင်ကျောင်းမှ ဦးကြည်ရှိန်နှင့် ရှေ့နေ
ဦးကျော်ဝင်းနိုင်တို့ ၃ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း
သိရသည်။
.