ကမ္ဘောဇတိုင်း
.
စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာလင်းထွဋ်သည် ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်၊ ညပိုင်းက ဒုတိယအကြိမ်အဖြစ် ထပ်မံဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း
သိရသည်။
.
." ဝန်ကြီးချုပ် ထပ်ပြီး အဖမ်းခံရတာ ဟုတ်ပါတယ်။ ဒီည
၉ နာရီလောက်ကပါ။ ရပခထဲမှာ ထားတယ်လို့ သိရပါတယ်။"ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ
လင်းထွဋ်နှင့် နီးစပ်သူတစ်ဦးက အတည်ပြု ပြောဆိုခဲ့သည်။
.
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်၊ နံနက်အစောပိုင်းက စစ်တပ်အာဏာသိမ်းပြီးနောက်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ခေတ္တဖမ်းဆီးထိန်းသိမ်းခဲ့ပြီး
ဖေဖော်ဝါရီလ ၂ ရက်တွင် ပြန်လွှတ်၍ တောင်ကြီးမြို့ရှိ ပြည်နယ်ဝန်ကြီးချုပ်နေအိမ်
(အိမ်တော်)၌ အကျယ်ချုပ် ထားရှိခဲ့ကာ ယနေ့ညတွင် ထပ်မံ ဖမ်းဆီးခြင်း ဖြစ်ကြောင်း
သိရသည်။
.