ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ ထိန်းသိမ်းခံထားရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ ထိန်းသိမ်းခံထားရ

ကမ္ဘောဇတိုင်း

.

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များအား ယနေ့ ဖေဖော်ဝါရီလ ၁ ရက်၊ နံနက် အစောပိုင်းက ထိန်းသိမ်းခံထားရသည်ဟု သိရသည်။

.



.

ယင်းကဲ့သို့ ထိန်းသိမ်းခံထားရသည့် အစိုးရအဖွဲ့ဝင်များအနက် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး နှင့် ပြည်ခိုင်ဖြိုးပါတီဝင် အစိုးရအဖွဲ့ဝင်များအား ပြန်လည်စေလွှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

.

ထို့အတူ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် တို့ကိုလည်း ယနေ့ နံနက် အစောပိုင်းက ခေတ္တ ထိန်းသိမ်းမှုများ ပြုလုပ်ပြီးနောက် ပြန်လည်စေလွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

.

တပ်မတော်မှ နိုင်ငံတော်အာဏာ ရယူပြီးနောက် နိုင်ငံတော် အကြီးအကဲများအပါအဝင် အစိုးရအဖွဲ့ဝင်များ၊ NLD ပါတီဝင် အချို့ကို ထိန်းသိမ်းထားခြင်းဖြစ်သည်ဟု သိရသည်။

.

 


Journal Download

Photo of three cats