​တောင်ကြီးမြို့ရှိ ဟိုတယ် ၄ ခုတွင် မိုင်းထောင်ထားကြောင်း ဖုန်းဆက်အကြောင်းကြားလာသဖြင့် ရဲတပ်ဖွဲ့မှ ရှာဖွေနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​တောင်ကြီးမြို့ရှိ ဟိုတယ် ၄ ခုတွင် မိုင်းထောင်ထားကြောင်း ဖုန်းဆက်အကြောင်းကြားလာသဖြင့် ရဲတပ်ဖွဲ့မှ ရှာဖွေနေ

ကမ္ဘောဇတိုင်း

.

တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ UCT ဟိုတယ် အပါအဝင် ဟိုတယ် ၄ ခုတွင် မိုင်းထောင်ထားကြောင်း ဖုန်းဖြင့် ဆက်သွယ်လာမှုအရ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်၊ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့မှ ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

.

.

UCT ဟိုတယ်၊ Hotel Grace၊ ချယ်ရီကွင်းဟိုတယ်နှင့် ရတနာနန်းတော်ဟိုတယ်များသို့ ၀၉၉၅၁၉၂၂၄၄၃ ဖုန်းနံပါတ် တစ်လုံးတည်းဖြင့် ဆက်သွယ်အကြောင်းကြားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“မနက် ၉ နာရီ ၂၀ လောက်က ဒီဟိုတယ် အနီးဝန်းကျင်မှာ မိုင်းထောင်ထားတယ်။ နေ့လယ် ၁ နာရီခွဲ ဝန်းကျင်မှာ ပေါက်ကွဲ နိုင်ချေရှိတယ် ဆိုပြီး ဖုန်းဆက်လာတာပါ။ ရဲတပ်ဖွဲ့က လာရှာတော့ သံသယဖြစ်စရာ ဘာမှ မတွေ့ပါဘူး။ သက်ဆိုင်ရာက လာတဲ့အချိန်မှာ အဲဒီဖုန်းကို ပြန်ဆက်သွယ်တော့ သူက သတင်းရလို့ ဆက်သွယ်ပေးတာပါ။ ဘယ်သူဘယ်ဝါဆိုတာ ပြောပိုင်ခွင့်မရှိဘူး လို့ပဲ ပြောသွားပါတယ်” ဟု UCT ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးးက ပြောသည်။

.

UCT ဟိုတယ်တွင် ရှာဖွေရာ၌ ပြင်ပမှ ဧည့်သည်အတွက် ပေးပို့ထားသည့် ပါဆယ်ပုံးတစ်ပုံးကိုသာ တွေ့ရှိခဲ့ပြီး ရိုးရာ လက်ဖက်ခြောက်နှင့် ဒေသထွက်လက်ဆောင်ပစ္စည်းများသာ တွေ့ရှိခဲ့ကြောင်း သိရသည်။

.

ထို့အတူ ချယ်ရီကွင်းဟိုတယ်မှ တာဝန်ရှိသူကလည်း “အခုကတော့ မသင်္ကာဖွယ်ရာ ဘာမှ မတွေ့ရပါဘူး။ သက်ဆိုင်ရာ ဌာနတွေက လာစစ်ပေးပါတယ်။ နေ့လယ် တစ်နာရီခွဲမှာ ပေါက်ကွဲမှု ဖြစ်လိမ့်မယ်လို့ ဆက်သွယ်လာတာပါ” ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

လက်ရှိတွင် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျန်ဟိုတယ်များတွင် ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

.

ယင်း အ​ခြေအ​နေနှင့် ပတ်သက်၍ ပြည်သူများ ထိတ်လန့်​စေရန် ရည်ရွယ်၍ တမင် လှုံ့​ဆော်မှုများ ပြုလုပ်​နေသည်ဟု ​ဒေသခံများက ​ဝေဖန်​​နေလျက် ရှိသည်။

.

Journal Download

Photo of three cats