ကမ္ဘောဇတိုင်း
.
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ထိန်းသိမ်းခံထားရသည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာလင်းထွဋ်သည် ယနေ့ ဖေဖော်ဝါရီလ ၂ ရက်၊ နေ့လယ်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း
သိရသည်။
.
.
ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်က ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်
အစိုးရအဖွဲ့ဝင်များ၊ NLD ပါတီဝင် အချို့ကို ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု
သိရသည်။
.
ယင်းကဲ့သို့ ထိန်းသိမ်းခံထားရသည့်
အစိုးရအဖွဲ့ဝင်များအနက် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး နှင့်
ပြည်ခိုင်ဖြိုးပါတီဝင် အစိုးရအဖွဲ့ဝင်များအား ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက် ကတည်းက
ပြန်လည်စေလွှတ်ထားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး
ဒေါက်တာညီညီအောင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းတို့ကိုလည်း ယနေ့
နံနက်ပိုင်းတွင် ပြန်လည်စေလွှတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
.
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့
အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံးကို အမြန်ဆုံး လွှတ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သဘောထားကြေညာချက် ထုတ်ပြန်၍ တောင်းဆိုထားသည်။
.