တောင်ကြီး မြို့မရပ်ကွက်တွင် အမျိုးသားတစ်ဦး မိမိကိုယ်ကို မီးရှို့မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး မြို့မရပ်ကွက်တွင် အမျိုးသားတစ်ဦး မိမိကိုယ်ကို မီးရှို့မှုဖြစ်ပွား

ကမ္ဘောဇတိုင်း

.

တောင်ကြီးမြို့၊ မြို့မရပ်ကွက်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်၊ ညနေပိုင်းက အမျိုးသားတစ်ဦး မိမိကိုယ်ကို မီးရှို့ပြီး နေအိမ်အဆောက်အအုံတစ်ခုအတွင်းသို့ ဝင်ရောက်သဖြင့် ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီး ခဲ့ရကြောင်း သိရသည်။

.

.

“မနေ့ကမှ ထောင်ကထွက်လာတာလို့ ပြောပါတယ်။ နာမည်ကတော့ မွှေးနီ လို့ သိရတယ်။ သူက သူ့ကိုယ်သူ မီးလောင်သွားပြီး အဆောက်အဦထဲ ပြေးဝင်တော့ မီးရှို့သလို ဖြစ်တာပါ။ စိတ်ကလည်း ပုံမှန်မဟုတ်တော့ သူ့ကို စစ်ဆေးရုံကို ပို့လိုက်ပါပြီ” ဟု မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်သန်းလေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ မီးရှို့မှုကြောင့် ယင်းအမျိုးသားတစ်ဦးသာ မီးလောင်ဒဏ်ရာ ရရှိခဲ့ပြီး အခြား လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

.

Photo – Internet

.


Journal Download

Photo of three cats