တောင်ကြီးတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်မံ အကြမ်းဖက် ဖြိုခွင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်မံ အကြမ်းဖက် ဖြိုခွင်း

ကမ္ဘောဇတိုင်း

.

တောင်ကြီးမြို့၊ မြကန်သာပန်းခြံ အဝိုင်းပတ်အနီးတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော ဒေသခံများအား ယနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ် ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်ခြင်းနှင့် မျက်ရည်ယိုဗုံးများ အသုံးပြုပြီး ထပ်မံ အကြမ်းဖက်ဖြိုခွင်းခဲ့ကြကြောင်း သိရသည်။

.

.

အလားတူ တောင်ကြီးမြို့၊ အထက (၁) ကျောင်းအနီးတွင် ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်၊ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ၃ ကြိမ်တိုင် ဖြိုခွင်း ခဲ့ပြီး ယခုအခါ စတုတ္ထအကြိမ်မြောက် ထပ်မံအကြမ်းဖက် ဖြိုခွင်းခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ နံနက်ပိုင်း အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အချို့နှင့် ဖမ်းဆီးခံရသူ ၂ ဦးရှိခဲ့ကြောင်း သိရပြီး ယခုတစ်ကြိမ် ဖြိုခွင်းမှုတွင် ထိခိုက်ဒဏ်ရာရရှိသူရှိ/မရှိ မသိရှိ‌ရသေးချေ။

.

ယင်းကဲ့သို့ အကြိမ်းဖက် ဖြိုခွင်းရာတွင် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ တပ်မတော်သားများကိုပါ တွေ့မြင်ရပြီး လက်ရှိအချိန်ထိ ဖြိုခွင်းနေဆဲဖြစ်သည်။

.

Journal Download

Photo of three cats