တောင်ကြီးတွင် တပ်ထောက်ခံပွဲ ပြုလုပ်ရန် စီစဉ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် တပ်ထောက်ခံပွဲ ပြုလုပ်ရန် စီစဉ်နေ

ကမ္ဘောဇတိုင်း

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် လာမည့် ဖေဖော်ဝါရီလ ၁၉ ရက်၌ တပ်မတော်ထောက်ခံပွဲ ပြုလုပ်ရန် စီစဉ်နေလျက်ရှိကြောင်း သိရသည်။

.

.

“ကျွန်တော်တို့တော့ စီစဉ်ထားတာ မရှိပါဘူး။ အရင်တစ်ရက်ကတော့ အဲဒီလိုလုပ်ဖို့ အစည်းအဝေးဖိတ်တယ်။ အဲဒီ နေ့က အရေးပေါ်လူနာ သွားပို့နေလို့ အစည်းအဝေး မတက်ဖြစ်လိုက်ပါဘူး။ ဘယ်သူတွေ ဦးဆောင်မယ် ဆိုတာ ကတော့ မသိသေးပါဘူး” ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ဖူးသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ယင်းကဲ့သို့ တပ်မတော် ထောက်ခံပွဲ ပြုလုပ်ရန်အတွက် တောင်ကြီးမြို့နယ်နှင့် အနီးအနားဒေသရှိ ကျေးရွာများတွင် PNO မှ အတင်းအကြပ် လူစုဆောင်းခေါ်ယူမှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO) ကမူ ဟုတ်မှန်ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

.

“ကျွန်တော်တို့ပါတီက ထုတ်ပြန်ထားတာလည်းမရှိဘူး။ ဘာမှလည်း မလုပ်ပါဘူး။ တစ်အိမ်တစ်ယောက် တက်ခိုင်း တယ် ဆိုတာမျိုး လုံးဝမဟုတ်ပါဘူး။ တခြားအဖွဲ့တွေက လာစည်းရုံးတာမျိုးတော့ ရှိတယ်။ ကျွန်တော်တို့ လူထုကို အသုံးချတာပေါ့။ ကျွန်တော်တို့ကတော့ ဘာမှမပြောပါဘူး။ လူထုရဲ့ သဘောဆန္ဒပါပဲ” ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီ (PNO) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်က တပ်မတော်မှ နိုင်ငံတော်အာဏာ သုံးရပ်ကို သိမ်းယူခဲ့ပြီးနောက် မြန်မာနိုင်ငံ တစ်ဝှမ်း မြို့နယ်ဒေသ အသီးသီးတွင် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိပြီး မြို့နယ်အချို့တွင် တပ်မတော် ထောက်ခံသူများက တန်ပြန် ဆန္ဒပြပွဲများ ပြုလုပ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ တပ်မ​တော်​ထောက်ခံပွဲ ပြုလုပ်မှုတွင် ပအိုဝ်းတိုင်းရင်းသားများ ပါဝင်လာမည် ဆိုပါက ပအိုဝ်းတိုင်းရင်းသား အားလုံး၏ ဆန္ဒ​ကြောင့် မဟုတ်​ကြောင်းကို ပအိုဝ်းတိုင်းရင်းသား လူငယ်များက လူမှုကွန်ရက်​တွင် ​ကြိုတင် ရေးသား၍ ​မေတ္တာရပ်ခံထားသည်ကို ​တွေ့ရသည်။

.

ဓါတ်ပုံ - ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်က တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် တပ်မတော်ထောက်ခံပွဲ ပြုလုပ်စဉ်

.

Journal Download

Photo of three cats