တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ရဲတပ်ဖွဲ့ ဝင်ရောက် တပ်စွဲသောကြောင့် ဒေသခံပြည်သူများက ဝန်းရံ​နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ရဲတပ်ဖွဲ့ ဝင်ရောက် တပ်စွဲသောကြောင့် ဒေသခံပြည်သူများက ဝန်းရံ​နေ

တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံအတွင်းသို့ ရဲတပ်ဖွဲ့မှ ယနေ့ (ဖေဖော်ဝါရီ ၁၅ ရက်)၊ ညနေပိုင်းတွင် ဝင်ရောက်တပ်စွဲထားသောကြောင့် ဒေသခံပြည်သူများက လာရောက် ဝန်းရံနေ​ကြောင်း သိရသည်။

.



လက်ရှိတွင် ​ဆေးရုံ ဝန်ထမ်းများ ဖမ်းဆီးခံရခြင်း မရှိဘဲ ရဲတပ်ဖွဲ့ဘက်မှ ယာဥ် ၄ စီးနှင့် တပ်ဖွဲ့ဝင်အချို့ ​နောက်ပြန် ဆုတ်သွား​သော်လည်း ရဲတပ်ဖွဲ့ဝင်များ ကျန်ရှိ​နေ​သေးသဖြင့် ပြည်သူများက ဆက်လက် ဝန်းရံ​နေဆဲ ဖြစ်သည်။

.

ရဲတပ်ဖွဲ့ဝင်များက စိန်​ရောင်ခြည်ဗုံးများ ပစ်ခတ်မှု ရှိ​သော်လည်း ထိခိုက်မှု မရှိ​ဘဲ အမျိုးသားတစ်ဦး ဆိုင်ကယ် တိမ်း​မှောက်၍ ဒဏ်ရာ ရရှိခဲ့သည်ဟု ​မျက်မြင်များက ​ပြောဆိုသည်။

Journal Download

Photo of three cats