ကမ္ဘောဇတိုင်း
.
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)မှ လွှတ်တော်ကိုယ်စားလှယ်
၁၅ ဦး နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ဝင်းအတွင်း ဘေးကင်းလုံခြုံစွာရှိပြီး ပါတီတာဝန်ရှိသူများလည်း
ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း ယင်း ပါတီက ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.
တပ်မတော်မှ နိုင်ငံတော်အာဏာ ရယူပြီးနောက် နိုင်ငံတော် အကြီးအကဲများအပါအဝင်
အစိုးရအဖွဲ့ဝင်များ၊ NLD ပါတီဝင် အချို့ကို ထိန်းသိမ်းထားခြင်းဖြစ်သည်ဟု သိရသည်။
.
ထိန်းသိမ်းခံထားရသည့် အစိုးရအဖွဲ့ဝင်များအနက် ရှမ်းပြည်နယ် လုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီး နှင့် ပြည်ခိုင်ဖြိုးပါတီဝင် အစိုးရအဖွဲ့ဝင်များအား
ပြန်လည်စေလွှတ်ထားပြီးဖြစ်ကြောင်း သိရသည်။
.
Photo
– SNLD
.